အိန္ဒိယနိုင်ငံသား တစ်ဦး ဖြစ်တဲ့ Datta Phuge ကတော့ အတော်လေးကို စိတ်ကူးကောင်းတဲ့ လူလို့တောင် ပြောလို့ရပါတယ်။ သူဟာ အိန္ဒိယနိုင်ငံရေးသမား တစ်ဦး ဖြစ်ပြီး ပိုက်ဆံအတော် ချမ်းသာ ကြွယ်ဝတဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။ သိပ်မကြာခင်ကမှ Datta ဟာ ရွှေအပြည့်နဲ့ ချုပ်လုပ်ထားတဲ့ အထည်ကို မှာယူပြီး ဝတ်ဆင်ခဲ့ပါတယ်။
နောက်တစ်ယောက်ကတော့ ဟောင်ကောင်နိုင်ငံသား ကျောက်မျက်ရတနာ ဒီဇိုင်း ပညာရှင် Lam Sai-Wing ဆိုသူပဲ ဖြစ်ပါတယ်။ သူကတော့ ကျောင်မျက်ရတနာ ဒီဇိုင်းလောကမှာ အောင်မြင် ကျော်ကြားလာခဲ့သူဖြစ်ပြီး သူရဲ့ ငွေကြေး ကြွယ်ဝမှုတွေကို ရေချိုးခန်းမှာ အလှတန်ဆာဆင်ဖို့ ဆုံးဖြတ်ခဲ့ဟန်တူပါတယ်။ Lam ဟာ သူရဲ့ ရေချိုးကန်ကြီးကို ရွှေသား အတိဖြင့်ပြုလုပ်ထားပြီး ရွှေအလေးချိန်ပေါင်း 24K တောင်ရှိတယ်လို့ သိရပါတယ်။
နောက်ထပ် တစ်ခုကတော့ လူမှုကွန်ယက်ပေါ်မှာ အတော်လေး ရေပန်းစားသွားခဲ့တဲ့ ဘုရင်တစ်ယောက်ပါ။ အကြောင်းကတော့ သမီးတော်လေးရဲ့မင်္ဂလာဆောင်မှာပေးခဲ့တဲ့ လက်ဖွဲ့ကြောင့်ပါပဲ။ ဆော်ဒီအာရေဗျဘုရင် Abdullah Bin Abdulaziz ဟာ သူ့ရဲ့ သမီးတော်လေး မင်္ဂလာဆောင်မှာ ဒေါ်လာ ၃မီလီယမ်တန်ဖိုးရှိတဲ့ သတို့သမီး ဝတ်စုံအပြင် ရွှေဖြင့် ပြုလုပ်ထားတဲ့ ဘိုထိုင်အိမ်သာကိုပါ မင်္ဂလာလက်ဖွဲ့ အဖြစ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Blogger Arena