အာဖဂန်နစ္စတန်ကိုတပ်ဖြန့်ခဲ့တဲ့ ဒုတိယတပ်ရင်း ၁ မှ မရိန်းတပ်သားတွေဟာ အောက်တိုဘာလ ၃ ရက်နေ့မှာ သူတို့နေရပ်ကို ပြန်လည်ရောက်ရှိပြီး သူတို့မိသားစုဝင်တွေ ချစ်ရသူတွေနဲ့ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ တာဝန်အရတိုင်းတပါးမှာ တာဝန်ထမ်းဆောင်နေရပေမယ့် အခုလိုကိုယ့်မြေကိုယ့်ရွာကို ပြန်ရောက်လာရတော့လည်း အရမ်းကိုပျော်ရွှင်နေကြတယ်ဆိုတာ ဓာတ်ပုံလေးတွေမှာပေါ်လွင်နေပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း မြို့တော် ကဘူးလ်ရဲ့ အဓိကကျတဲ့ Eid Gah ဗလီအပြင်ဘက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နာရီပိုင်းအကြာမှာဘဲ အာဖဂန်အရပ်သား ၈ ဦး ထက်မနည်းသေဆုံးပြီးအနည်းဆုံး ၂၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ အာဖဂန်နစ္စတန်မြို့တော်မှာ သြဂုတ်လနှောင်းပိုင်း ကစလို့ပထမဆုံးအကြိမ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ IS-Khorasan အသေခံဗုံးခွဲသမားများကြောင့် လည်း ကဘူးလ်လေဆိပ်အနီးမှာအမေရိကန်စစ်သည် ၁၃ ယောက်အပါအဝင်လူ ၂၀၀ လောက်သေဆုံးခဲ့ပါတယ်။


