၃ နှစ်သားလေးဆိုပေမယ့်လည်း မယုံကြည်နိုင်စရာကောင်းလောက်အောင် စကိတ်စီးကျွမ်းကျင်တဲ့ ကလေးငယ်ရဲ့ Video - Myanmarload

၃ နှစ်သားလေးဆိုပေမယ့်လည်း မယုံကြည်နိုင်စရာကောင်းလောက်အောင် စကိတ်စီးကျွမ်းကျင်တဲ့ ကလေးငယ်ရဲ့ Video

https://s9.kh1.co/90/909ba47e06954bbcf7d61d8b081d0da7b25b23cb.jpg
ဗဟုသုတအဖြာဖြာ
 05-Oct-2021 2pm · 2 months ago

.

တချို့သော ကလေးငယ်လေးတွေဟာ မွေးဖွားလာထဲက တ​ခြားသူတွေနဲ့မတူပဲ တစ်နေနေရာရာမှာ ထူးချွန်ကြသူတွေရှိကြပါတယ်။ အဲ့ဒီလိုလူတွေထဲကမှ ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာဆိုရင် အသက်ငယ်ငယ်လေး နဲ့ စကိတ်စီး အရမ်းကျွမ်းကျင်တဲ့ ဂျပန်နိုင်ငံက ကလေးငယ်လေးတစ်ဦး အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

https://s9.kh1.co/__image/w=650,h=862,q=100/77/774d272e5dd3399d4a65c8c687e6c4846627920e.jpg
https://s9.kh1.co/__image/w=400,h=400,q=100/4d/4d21a938bba5d7356d564042f1610f7f95ad540c.jpg

ဒီကလေးငယ်လေးကတော့ အသက် သုံးနှစ်အရွယ်သာရှိသေးပြီး သူ့ရဲ့နာမည်ကတော့ Rita Ishizuka ပဲ ဖြစ်ပါတယ်။ ဒီကလေးငယ်လေးဟာ သူ့ရဲ့ instagram အကောင့်မှာ စကိတ်စီး​​နေတဲ့ ဗီဒီယိုလေးတွေတင်ရာကနေ လူသိများလာခဲ့တာဖြစ်ပြီး သူ့ရဲ့ skate စီးတဲ့ skill တွေက ချစ်စရာလည်းကောင်းသလို ချီးမွမ်းစရာလည်း ကောင်းနေတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=478,h=598,q=100/54/5487add9ffa4ea7501c73a417b7882dad22d946e.jpg
https://s9.kh1.co/__image/w=650,h=650,q=100/52/52dced2dc5b4ee53e1da33d9e663ed71b784cf1a.jpg

စကိတ်စီးလေ့ကျင့်နေတဲ့ ဗီဒီယိုလေးတွေထဲမှာလည်း တခါတရံ ထိခိုက်ဒဏ်ရာရတာမျိုးတွေရှိပေမယ့် ချက်ချင်းပြန်ထပြီး နောက်တစ်ကြိမ်ပြန်ကြိုးစားတတ်တဲ့ သူ့ရဲ့ စိတ်ဓာတ်လေးကို မြင်ရပါတယ်။ ဒီကလေးငယ်လေးဟာ သူ့အသက်အရွယ်လေးနဲ့ စကိတ်စီး ဘယ်လောက်ကျွမ်းကျင်တယ်ဆိုတာကို အောက်က ဗီဒီယိုလေးတွေထဲမှာ ကြည့်လိုက်ရအောင်။ လဲကျတိုင်းပြန်ထတက်တဲ့ ကလေးငယ်ရဲ့ စိတ်ဓာတ်ကလည်း လေးစားစရာပါပဲ။

သတင်းအရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်ဆောင်းပါး