ကျွဲတစ်ကောင်နဲ့ သူငယ်ချင်းဖြစ်ပြီး လူမှုစာမျက်နှာမှာ နာမည်ကျော်ကြားလာတဲ့ ထိုင်းနိုင်ငံက လယ်သမား

//s9.kh1.co/6e/6e7e1e9dde99c098cdeb955e15fb530492da0c6a.jpg
ဗဟုသုတအဖြာဖြာ

 ၀၄-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

ထိုင်းလယ်သမား Surat Paewkate (ဆူရတ် ဖျောင်ကတ်) က သူထိန်းရတဲ့ တုံခမ်းဆိုတဲ့ ကျွဲလေးနဲ့ အရမ်းကို ရင်းနှီးကျွမ်းဝင်ပါတယ်။ ဒါပေမယ့် ၃၄ နှစ်အရွယ် ဆူရတ်ဟာ ဒီကျွဲကို အငှားထိန်း ကျောင်းရသူပါ။ ဆူရက်က သူ့အချစ်တော် ကျွဲကြီးနဲ့သူ ဆယ်လ်ဖီပုံတွေ အင်တာနက်မှာ ရိုက်တင်ရင်း နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ သူတို့ပုံတွေက လူတွေကြား သိပ်ပေါက်သွားပြီး ထိုင်းမှာ အင်တာနက် ဆယ်လီတွေ ဖြစ်ကုန်ပါတယ်။ တုံခမ်းလည်း ပုံအနည်းငယ်ရိုက်ပြီးတဲ့အခါမှာ ဆူရတ်လို ပုံစံတူလုပ်တက်လာပါတယ်။

https://s9.kh1.co/__image/w=600,h=801,q=100/62/62c0973b315ab64b9e959c6e0a8ace20991f384a.jpg
https://s9.kh1.co/__image/w=600,h=801,q=100/a0/a0410e550d49bb14b58846a6efe4adbd5d42aad6.jpg

ဖုန်းကို တည့်တည့်ကြည့်တာ၊ သူ့နားတိုးကပ်တာ၊ ပြုံးတာလိုဟာမျိုးတွေထိ လုပ်တတ်တယ်လို့ ဆူရတ်က ပြောပါတယ်။ ပုံတင်ပြီးခဏလေးအတွင်းမှာ like တွေ သောင်းချီရပြီး လူတွေက ဆက်တင်ပေးဖို့တောင်း ဆိုခဲ့ကြပါတယ်။ တချို့ဆိုရင် ဒီပုံတွေကို ကြည့်ပြီး သူတို့နေ့စဉ်ဘဝ အမောတွေတောင် မေ့သွားတယ်လို့ ပြောကြပါသေးတယ်။ ဒါပေမဲ့ ကျွဲကြီး တုံခမ်းကို နောက်ပိုင်ရှင်လက်ကို ရောင်းတော့မယ်လို့ ဖျောင်ကတ်ကို သူ့ပိုင်ရှင်က ပြောတဲ့အခါမှာတော့ စိတ်မကောင်းဖြစ်ပေမယ့် သူ့မှာ ဝယ်စရာ ငွေအလုံလောက်မရှိဘူးလို့ ပရိသတ်တွေကိုပြောခဲ့ပါတယ်။ တုံခမ်းကို ဝယ်ဖို့ ထိုင်းဘတ်ငွေ တစ်သိန်း၊ ဒေါ်လာနဲ့ သုံးထောင်လောက် ရဖို့လိုတယ်လို့ ရှင်းပြပြီး အလှူငွေထည့်ဝင်တဲ့သူတွေရှိလို့ အလှူဆက်ခံဖို့ ဆူရတ်က ဆုံးဖြတ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=801,q=100/96/96dab8fbb6fc53e6164462c656e8a0be839f65d2.jpg
https://s9.kh1.co/__image/w=600,h=801,q=100/e2/e25396b45879b74703ea26c8e8f2ff3b54f0895a.jpg

ကံကောင်းစွာပဲ နှစ်ရက်အတွင်း အလှူခံရငွေ ဘတ် ၁၃၆,ဝဝဝ လောက်ရပြီး အလှူခံတာကို စာရင်းပိတ် လိုက်ပါတယ်။ "သူတို့အားလုံးကို ကျေးဇူးတင်တယ်၊ တုံခမ်းကို တစ်သက်လုံး ပျော်အောင်ထားပြီး ဓာတ်ပုံတွေ မှန်မှန်တင်ပေးပါ့မယ်၊ တုံခမ်းဆီ လာလည်ချင်သူတိုင်းကိုလည်း ကြိုဆိုတယ် " လို့ဆူရတ် က ပြောပါတယ်။ "လယ်ကွင်းနဲ့ အိမ်ကလေးတစ်လုံး၊ ကျွဲတစ်ကောင်နဲ့ နေရတဲ့ဘဝကို ကျွန်တော် စိတ်ကူးယဉ်လေ့ ရှိပါတယ်။ ကျွဲကို စီးပြီး လယ်ကွင်းကို သွားတာပေါ့၊ တုံခမ်းရှိလာတော့ ကျွန်တော့ အိပ်မက်တွေ ဖြစ်လာပြီပေါ့" လို့ဆူရတ်က လူမှုကွန်ယက်စာမျက်နှာကနေ ရေးသားခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=449,q=100/1f/1f91e7292c9721a0ae24070ec27aa2955c5eea2d.jpg
https://s9.kh1.co/__image/w=600,h=1236,q=100/55/556057754c1453022777212effeb76cee7be7890.jpg
https://s9.kh1.co/__image/w=600,h=1236,q=100/1b/1b6acc0c5c4dc8528be7f3ba31ae2d6daf637c62.jpg
https://s9.kh1.co/__image/w=600,h=449,q=100/ec/ecdf95c03f4418f703b02de81affa0b76a495b5f.jpg

သတင်း အရင်းအမြစ်BBC

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T