နားယားလို့ ဆေးရုံးသွားပြရာမှ နားထဲ ပိုးဟပ် ၂၆ ကောင်ရှိတာ သိရှိလိုက်ရတဲ့ တရုတ်အမျိုးသားရဲ့ Video

//s9.kh1.co/0d/0d894a1d7980bc5007f93c3486128f9369fb9889.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

လူတွေအနေနဲ့ တစ်ခါတစ်ရံမှာ နားတွေယားယံလေ့ရှိပါတယ်။ အဲ့လိုမ‌ျိုဖြစ်တဲ့အခါမှာ အနည်းငယ်ကုတ်လိုက်ပါက ယားယံမှုပျောက်သွားတတ်ပါတယ်။ ယားယံရခြင်းမှာ သန့်ရှင်းမှုနည်းတာကြောင့်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ခုဖော်ပြမယ့်အကြောင်းကတော့ သာမာန်ယားယံမှုမ‌ျိုး မဟုတ်ပါဘူး။

https://s9.kh1.co/__image/w=600,h=358,q=100/98/98584f01819ec01a161458b9facb2094eefb28eb.jpg

ယခုဖြစ်ရပ်လေးကတော့ နားထဲမှာ ပိုးဟပ်၂၆ကောင်တောင် တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါထူးဆန်းတဲ့ ဖြစ်ရပ်ကတော့ တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။ ဝေဒနာခံစားခဲ့ရသူရဲ့ နာမည်ကတော့ လီ ( Li ) ပဲဖြစ်ပါတယ်။ လီက တရုတ်နိုင်ငံ ဂွမ်ဒေါင်ပြည်နယ်မှာ နေထိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ နေ့တိုင်းလိုလို နားထဲကယားယံမှုကို ခံစားနေခဲ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/85/85b7636fea6fba6ee2f682d48ee8b6c13f8943b1.jpg
https://s9.kh1.co/__image/w=600,h=369,q=100/7d/7d798f0f75ceb82c0da1d30ce87fdd7f7b7886db.jpg

ဒါ့ကြောင့် သူက နောက်ဆုံး မခံနိုင်တဲ့အဆုံး ဆရာဝန်ထံသွားရောက်ပြသဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆရာဝန်တွေအနေဖြင့် စစ်ဆေးမှုတစ်ချို့လုပ်ပြီးနောက် ဓာတ်မှန်ရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လီကို ဓာတ်မှန်ရိုက်ခဲ့ရာ ထူးဆန်းစွာ နားထဲတွင် ပိုးဟပ်၂၆ကောင်တွေ့ရှိခဲ့ကြပါတယ်။ ပိုးဟပ်မကြီး ၁ ကောင်နဲ့ ပိုးဟပ်လေး၂၅ကောင်ကို လီရဲ့နားထဲမှာ တွေ့ရှိခဲ့ရတာပါ။ ဆရာဝန်တွေက လီကို ခွဲစိတ်ပေးခဲ့လို့ ယခုအခါမှာတော့ လီရဲ့ဝေဒနာတွေက သက်သာသွားခဲ့ပြီဖြစ်ပါတယ်။ အောက်မှာလည်း အဲ့ဒီ Video ကိုဖော်ပြပေးလိုက်ပါတယ်။ အသည်းငယ်တဲ့သူတွေတော့ မကြည့်သင့်ပါဘူး။

သတင်း အရင်းအမြစ်IBT

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T