တစ်နေ့တာကို အကောင်းဆုံးစတင်နိုင်ဖို့ဆိုတာ လျှို့ဝှက်ချက်တွေရှိပါတယ်။

//s9.kh1.co/e5/e5779d3a233a518b157044ff5087b503482190e7.jpeg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၃-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

တစ်နေ့တာကို အကောင်းဆုံးစတင်နိုင်ဖို့ဆိုတာ လျှို့ဝှက်ချက်တွေရှိပါတယ်။

လူဖြစ်လာတာနဲ့နေ့တစ်နေ့တာကိုဖြတ်ကျော်ရပါတယ်။ဒါပေမဲ့ တစ်နေ့တာကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်ကူလှပါဘူး။ဒါကြောင့်မို့ နေ့တစ်နေ့တာကို အကောင်းဆုံးဖြတ်ကျော်နိုင်ဖို့အတွက် လျှို့ဝှက်ချက် ၃ ခုကို ဝေမျှပေးလိုက်ပါတယ်။

Photo Credit - Google
Photo Credit - Google

၁။ရေသောက်ခြင်း။

မနက်စောစောရေသောက်ပေးခြင်းဟာ တစ်နေ့တာကို အကောင်းဆုံးဖြတ်ကျော်နိုင်ဖို့အတွက် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။လူတစ်ယောက်ဟာ တစ်နေ့တာလုံးမှာ အနည်းဆုံး ရေ ၂ လီတာကို သောက်သုံးပေးသင့်ပါတယ်။ရေသောက်ပေးခြင်းကြောင့် အူလမ်းကြောင်းကို သန့်ရှင်းစေပါတယ်။နောက်ပြီးတော့ ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပြီး‌ ဝိတ်ကျစေပါတယ်။ဒါကြောင့်မို့ ရေသောက်ပေးခြင်းကလည်း နေ့တစ်နေ့တာကို အကောင်းဆုံးဖြတ်ကျော်နိုင်ဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

၂၊၊တစ်နေ့တာမှာလုပ်ဆောင်ရမှာတွေကို ချရေးပါ။

နေ့တစ်နေ့ကိုကျော်ဖြတ်ရပြီဆိုတာနဲ့ လုပ်ဆောင်ရမှာတွေ အများကြီးရှိပါတယ်။တစ်ခါတစ်ခါ လုပ်ရမဲ့အလုပ်တွေများပြီး ဘာမှ မပြီးတာမျိုးတွေ ကြုံဖူးကြမှာပါ။ဒီလိုအဖြစ်မျိုးတွေ မကြုံဖို့အတွက် နေ့တစ်နေ့တာမှာ ကိုယ်ဘယ်ဟာကို ဦးစားပေးလုပ်မယ်။ဘယ်ဟာကိုတော့ နောက်မှလုပ်မယ်ဆိုပြီး To do List လုပ်ခြင်းကလည်း နေ့တစ်နေ့တာကို အကောင်းဆုံးကျော်ဖြတ်စေနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

၃။မိမိကိုယ်ကိုကျေးဇူးတင်ပါ။

ဒီအချက်ကလည်း တကယ်တော့ နေ့တစ်နေ့တာကို ကျော်ဖြတ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခု‌ဖြစ်ပါတယ်။ဘာလို့ မိမိကိုယ်ကို ကျေးဇူးတင်သင့်သလဲဆိုတော့ အခက်အခဲတိုင်းကို သင်ကိုယ်တိုင်ကပဲ ကျော်ဖြတ်နရလို့ဖြစ်ပါတယ်။ဒီနေ့အချိန်ထိ မိမိကိုယ်ကို ကြံ့ကြံ့ခိုင်ကျော်ဖြတ်လာပေးတဲ့အတွက် ကိုယ့်ပါးစပ်ကနေ မိမိကိုယ်ကို  ကျေးဇူးတင်ကြောင်း ပြောပေးပါ။ဒီလိုဆိုရင် ကိုယ့်ရဲ့အတွင်းအားတွေက ပြည့်လာပြီး နေ့တစ်နေ့တာကို အကောင်းဆုံးကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T