နာဇီစစ်သားများကို ရာချီအောင်သတ်ခဲ့ပြီး မရဏနတ်သမီးအဖြစ် သမိုင်းတွင်ခဲ့တဲ့ အမျိုးသမီး

//s9.kh1.co/fa/faef2def6c3d31dde2e31fd04353d8fb4f64c94f.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အလှနဲ့ပတ်သက်ရင် လူတိုင်းဟာ တိမ်းပါးမူးယစ်ကြလေ့ ရှိပါတယ်။ တစ်စုံတစ်ယောက် တကယ်လှပြီဆိုရင် လူတွေဟာ အနည်းနဲ့အများတော့ သတိထားမိကြတာပါဘဲ။ လွန်လေခဲ့ပြီးသော ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ အလှအပကို ကောင်းကောင်းအသုံးချပြီး နာဇီရန်သူတွေကို မိမိတတ်နိုင်တဲ့ဘက်က ချေမှုန်းခဲ့တဲ့ အမျိုးသမီးသူရဲကောင်းတွေလည်း ပေါ်ထွက်ခဲ့ဖူးပါတယ်။ ဒက်ချ်လို့ခေါ်တဲ့ ဟော်လန်မှာတော့ Freddie Oversteegen ကို မရဏနတ်သမီးလို့တောင် တင်စားဂုဏ်ပြုခဲ့ရသည်အထိပါ။

https://s9.kh1.co/__image/w=650,h=753,q=100/96/96f90633d275fc4b7cfdbfec4c96d10dc18948cb.jpg

Freddie ဟာ ပုံမှာမြင်တွေ့ရတဲ့အတိုင်း လှပပြီး ပရိယာယ်ကြွယ်လှတဲ့ မိန်းမပျိုလေးတစ်ယောက်ပါ။ သူမရဲ့ အစ်မနာမည်ကတော့ Truus ဖြစ်ပြီး ညီအစ်မနှစ်ယောက်စလုံးရဲ့ အလှသတင်းဟာ Amsterdam အနီးက Haarlem ရွာကလေးကိုတောင် ကျော်ပြီး၊ အနယ်နယ်အရပ်ရပ်က လူပျိုကာလသားတွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ Freddie ကို (၁၉၂၅)ခုနှစ် စက်တင်ဘာလ(၆)ရက်မှာ မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက ဝံသာနုစိတ်ဓာတ်ပြင်းထန်လွန်းလို့ ဒက်ချ်ကာကွယ်ရေး ပျောက်ကျားတပ်ထဲကို အသက်(၁၄)နှစ်ကတည်းက ဝင်ရောက်ပြီး လျှို့ဝှက်စစ်ပညာသင်ကြားခဲ့ပါတယ်။ ဒီလိုနဲ့ ဆယ်ကျော်သက်အရွယ်မှာပင် လူပျိုတို့အသည်းစွဲဖြစ်လာသည်နှင့်အမျှ Freddie က သူမရဲ့အလှကို နိုင်ငံအတွက် အသုံးချဖို့ ဆုံးဖြတ်ခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=366,q=100/2f/2ffad464f0bab615925e542be94d7f092f8635bd.jpg
https://s9.kh1.co/__image/w=625,h=450,q=100/b7/b72949260a0296376de9edd0c88ded134e3cd907.jpg

သူမဟာ ရဲရင့်ပြီးလှပတဲ့ အစ်မဖြစ်သူ Truus နဲ့အတူ တံတားများကို ဖောက်ခွဲခြင်း၊ ရန်သူအသုံးပြုနေတဲ့ ရထားလမ်းများကို ဖျက်ဆီးဖောက်ခွဲခြင်း၊ ဂျူးကလေးငယ်များကို ကယ်ဆယ်ခြင်း၊ ဂျာမန်များကို သုတ်သင်ရှင်းလင်းခြင်း စတာတွေကို သူမတို့တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ သူမဟာ စက်ဘီးတစ်စီးနဲ့လျှောက်သွားပြီး ရိုင်ဖယ်ကိုလည်း တောင်းထဲမှာ ဝှက်ယူသွားလေ့ရှိပါတယ်။ သူမက ဒါကို ရက်စက်တယ်လို့ မထင်ပါဘူးတဲ့။ Freddie က " ဒါက လိုအပ်လို့ ရက်စက်ယုတ်မာခဲ့ရတာပါ … ကျွန်မတို့တွေကို တစ်ချိန်လုံးဒုက္ခပေးခဲ့တဲ့သူတွေကို ကျွန်မတို့ တက်နိုင်သလောက် ရှင်းခဲ့တာပါ " လို့ ပြောခဲ့ပါတယ်။ Freddie ဟာ သူမရဲ့အသက် (၉၃)နှစ်ပြည့်ဖို့ တစ်ရက်အလိုမှာ သေဆုံးသွားခဲ့ပါတယ်။ သူမကိုလည်း အခမ်းအနားနဲ့ သဂြိုလ်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/a1/a176b6a4836b32731ceef3127acb40c60df978e6.jpg
https://s9.kh1.co/__image/w=650,h=434,q=100/f9/f9918bd16fb2bd65df091a635f29b1d0d19ae054.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T