လက်ရှိခေတ်မီ လူမှု အသိုက်အဝန်းတွင် လင်မယားကွာရှင်း ပြတ်စဲမှုနှုန်းဟာ အချိန်နှင့် အမျှ မြင့်တက်လျက်ရှိပြီး ရှေးရိုးဝါဒီများက လက်ထပ်ပြီး မကြာမီဖြစ်စေ၊ ကြာမြင့်လာမှ ဖြစ်စေ လင်မယား ကွာရှင်းကြခြင်းကို ရှုံ့ချပြစ်တင်ကြပေမယ့်လည်း ရှေးအတိတ်ကာလများ ကတည်းကပင် ကွာရှင်းမှုများသည် သာမာန် အလေ့အထ တစ်ခုသဖွယ် ဖြစ်နေခဲ့ပါတယ်။
ရှေးဟောင်းအီဂျစ် အမျိုးသားနှင့် အမျိုးသမီးတို့ လက်ထပ်ထိမ်းမြားကြရာတွင် တရားရုံး တစ်ခုခုသို့ သွားရန် မလိုဘဲ သွေးသား မတော်စပ်သော အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ဟာ အမိုးအကာ တစ်ခုတည်း အောက်တွင် အတူနေကြရုံဖြင့် အကြင်လင်မယား ဖြစ်သွားကြပါတယ်။ ကွာရှင်းခြင်း၊ နောက်အိမ်ထောင်ပြုခြင်းများဟာလည်း မည်သို့မျှ ထူးခြားမှုမရှိဘဲ ပုံမှန် ဖြစ်နေခဲ့ပါတယ်။
ဂရိနိုင်ငံတွင် လင်မယား ကွာရှင်းလိုပါက တရားသူကြီး တစ်ဦးဦးထံ တင်ပြရပြီး ကွာရှင်းခြင်းကို လူအများက ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်ကြပါတယ်။
ဂျပန်နိုင်ငံတွင်မူ ခင်ပွန်းသည်က မိမိဇနီးကို ကွာရှင်းခွင့်မပြုပါက ဇနီးဖြစ်သူဟာ ဘုရားကျောင်းတစ်ခုခုတွင် သုံးနှစ်ကြာ သွားရောက်နေထိုင်ရပါတယ်။ အဲ့လိုနေထိုင်ပြီးပါက လက်ထပ်ထားခြင်းဟာ အလိုအလျောက်ပျက်ပြယ်သွားပါတယ်။
ဗိုက်ကင်း လူမျိုးစုများတွင် ယောက်ျားဖြစ်သူက မိသားစုအတွက် ထောက်ပံ့မှု မပြုနိုင်လျှင် ဇနိးဖြစ်သူက ခင်ပွန်းကို ကွာရှင်းနိုင်ပါတယ်။
ဗြိတိသျှ အလယ်ခေတ်ကာလတွင် ကွာရှင်းမှုဟာ ခရစ်ယာန် ဘုန်းတော်ကြီးတို့ရဲ့ တာဝန်ဖြစ်ခဲ့ပါတယ်။ ထိုစဉ်က လင်မယား ကွာရှင်းမှု ဆောင်ရွက်ပေးရာတွင် အန်ဂလီကန် ဘုရားကျောင်းတွေဟာ ကက်သလစ်ကျောင်းေတွထက် ပိုပြီး တင်းကျပ်ခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Blogger Arena