ခြေထောက်ရှပြီးအနာပုပ်လို့ ဖြတ်ထားရတဲ့အပြင် သမီးကလည်း မျက်စိကွယ်နေတာကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့ အသက် (၉၄)နှစ်အရွယ် အဖွား

//s9.kh1.co/9d/9d20de3e16902271f85d8c3bcfbd76a7c250433a.jpeg
အနုပညာရှင်များ

 ၃၀-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

..

ပရဟိတမင်းသားချော သရုပ်ဆောင်ဝေဠုကျော်ကတော့ ဆယ်စုနှစ်တွေကတည်းက ပရိသတ်အားပေးမှုတွေနဲ့ ဇာတ်ကားတွေများစွာရိုက်ကူးကာ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ပရဟိတဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားကာ အခက်အခဲတွေနဲ့ လိုအပ်နေတဲ့ပြည်သူတွေအတွက် ဖေးမကူညီမှာတွေနဲ့ လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ 

Photo Credit - Wai Lu Kyaw's Fb Page
Photo Credit - Wai Lu Kyaw's Fb Page
Photo Credit - Wai Lu Kyaw's Fb Page
Photo Credit - Wai Lu Kyaw's Fb Page

ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ မိသားစုလိုက်အခက်အခဲဖြစ်နေပြီး ထောက်ပံ့လုပ်ကြွေးမယ့်သူမရှိဘဲ စားဝတ်နေရေးမပြေလည်တဲ့ မိသားစုအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဆီးချိုရှိနေတဲ့ သားက အသက်(၉၄)နှစ်အရွယ် အမေဖြစ်သူကို ပွေ့ချီဆီးတည်ရာမှ ခြေထောက်ရှနာရာကာ အနာပုပ်ပြီး ခြေထောက်ဖြတ်ရတဲ့အပြင် သမီးဖြစ်သူကလည်း မျက်စိကွယ်နေတာကြောင့် ထောက်ပံ့လုပ်ကြွေးသူလည်း မရှိဘဲ စားဝတ်နေရေးတော်တော်လေး ကြပ်တည်းဒုက္ခများနေကြတာပါ။ 

Photo Credit - Wai Lu Kyaw's Fb Page
Photo Credit - Wai Lu Kyaw's Fb Page
Photo Credit - Wai Lu Kyaw's Fb Page
Photo Credit - Wai Lu Kyaw's Fb Page

မျက်စိကွယ်နေတဲ့ သမီးကတော့ လတ်တလောမှာ အလှူရှင်ကကုသပေးလို့ ခွဲစိတ်ထားရတယ်လို့လည်း သိရပေမယ့် အဖွားကတော့ အသက်ကြီးပြီဖြစ်တာကြောင့် ကျမ်းမာရေး သိပ်မကောင်းတော့ဘဲ ခြေလက်အဆစ်တွေ ကိုက်ခဲနေတယ်လို့ သိရပါတယ်။ စားဝတ်နေရေးခက်ခဲနေတဲ့ အဆိုပါမိသားစုအတွက် ဝေဠုကျော်ဖောင်ဒေးရှင်းမှ အလှူရှင်တွေကိုယ်စား အလှူငွေ (၅)သောင်းကျပ်ကို တတိယအကြိမ်ထပ်မံ ထောက်ပံ့လှူဒါန်းပေးလိုက်တာ ဖြစ်ပါတယ်။ 

Photo Credit - Wai Lu Kyaw's Fb Page
Photo Credit - Wai Lu Kyaw's Fb Page

သတင်း အရင်းအမြစ်Wai Lu Kyaw's Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T