ဘယ်အချိန်သွားသွား မရိုးတဲ့ တောင်ပေါ်မြို့ အပန်းဖြေစရာနေရာလေးက ကလောပါပဲ။ မွန်းကျပ်လှတဲ့ မြို့ပြနဲ့ ဘာမှမဆိုင်အောင် ကလောမြို့မှာ ရှု့ခင်းက အရမ်းကိုအေးချမ်းသာယာလှပါတယ်။ ကလောကို ရောက်တာနဲ့ ရာသီဥတု၊ အစားအသောက်၊ သဘာဝပတ်ဝန်းကျင်မြင်ကွင်းတွေက စိတ်ကို အလိုလို ပျော်လာစေပါတယ်။
ကလောမြို့ဟာ နွေရာသီမှာဆို အပန်းဖြေစခန်းတစ်ခုလည်းဖြစ်တယ်။ မိုးရာသီဆိုရင် လတ်ဆတ်ခြင်းတွေ မွှေးပျံ့နေတတ်တဲ့ ကော်ဖီမြို့တော်ဆိုလည်း ဟုတ်တယ်။ ဆောင်းတွင်းဆိုရင်လည်း နှင်းမြို့တော်လည်း ဖြစ်တယ်။ ရာသီတိုင်းမှာ လှပတဲ့ ကလောမြို့လေးရဲ့ နံနက်ခင်းအလှ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။