မွေးနေ့ရက်မြတ်လေးမှာ ဘုရားသွားကုသိုလ်ယူရင်း ကောင်းမှုကုသိုလ်ပြုလုပ်လှူဒါန်းခဲ့တဲ့ ချောရတနာ

//s9.kh1.co/97/9762cc8d17c25bc34c1ac483c3c383bd282c8437.jpg
အနုပညာရှင်များ

 ၃၀-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

သရုပ်ဆောင် ချောရတနာကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။ အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့အတူ မားမားမတ်မတ်ရပ်တည်ပေးနေတာကြောင့်လည်း ပရိသတ်တွေက ပိုပြီးတော့တောင် လေးစားအားကျနေကြတာပါ။ ဒါ့ပြင်သူမဟာလိုအပ်တဲ့နေရာတွေကိုလည်း တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc

ချောရတနာဟာ အခုအခါမှာဆိုရင် သာယာချမ်းမြေ့ဖွယ် မိသားစုဘ၀လေးကိုတည်ထောင်ထားတာဖြစ်ပြီး သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ် ။ ယမန်နေ့က သူမရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပါတယ် ။ မွေးနေ့လေးမှာဆိုရင် ချောရတနာဟာ မရောက်တာကြာပြီဖြစ်တဲ့ ရွှေတိဂုံဘုရားကိုသွားရောက်ဖူးမြော်ရင်း ကုသိုလ်ကောင်းမှုတွေပြုခဲ့တာပါ ။

Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc

ဒါ့ပြင်ချောရတနာဟာ ဘုရားမှာလည်းကိုယ်တိုင် ဆွမ်းကပ်ပြင်ဆင်ကာ လှူဒါန်းခဲ့ပြီး မွေးနေ့လေးကို ပျော်ရွှင်စွာဖြတ်သန်းခဲ့တာဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ချောရတနာရဲ့အမှတ်တရပုံလေးတွေနဲ့အတူ ဒီသတင်းအကြောင်းအရာလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc

သတင်း အရင်းအမြစ်Chaw Yadanar's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T