ကျေးငှက်လေးတွေကို သေစေနိုင်တဲ့နေရာမှာ နာမည်ကြီးတဲ့ Parapara သစ်ပင်

//s9.kh1.co/e4/e4f9a48bf29f6c65f4d7aef492d3096341ef5146.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီအပင်လေးတွေကိုတော့ parapara လို့ခေါ်ကြပြီး နယူဇီလန်နိုင်ငံအတွင်းမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

ဒီအပင်လေးတွေဟာ သူတို့ပေါ်မှာ လာနားတဲ့ အင်းဆက်နဲ့ ကျေးငှက်လေးတွေကို ဖမ်းယူရာမှာနာမည်ကြီးတဲ့အတွက် တစ်ချို့က သေမင်းတမန်သစ်ပင်လို့တောင် တင်စားကြပါတယ်။

https://s9.kh1.co/__image/w=600,h=451,q=100/b9/b9fa50403d2b40f8995078b4db147f9704da291d.jpg

ဆောင်းရာသီနဲ့ နွေဦးရာသီတွေဟာ ဒီအပင်တွေမှာရှိတဲ့ အသီးရဲ့ထိပ်ပိုင်းဟာ အရောင်ပြောင်းသွားပြီး အရမ်းစေးကပ်တဲ့ ကော်တွေလိုဖြစ်လာပါတယ်။

ဒီကော်တွေဟာ အင်းဆက်ပိုးမွှားလေးတွေကို ဖမ်းဆီးချုပ်နှောင်ထားပြီး တဖြေးဖြေးအင်းဆက်တွေများလာတဲ့အခါ ဒီအင်းဆက်တွေကို စားသုံးဖို့အတွက် ငှက်တွေကလာကြပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/93/938d6e3a3e38e754965518d502b50b1d85ace932.jpg
https://s9.kh1.co/__image/w=600,h=400,q=100/47/47e5127e692ca905570717c04d2b307b9bbb6af4.jpg

ငှက်တွေလာရောက်စာသုံးကြတဲ့အခါ သူတို့ရဲ့အတောင်တွေ အမွှေးတွေမှာ ကော်တွေကပ်မိပြီး မပျံနိုင်ဖြစ်ကြပါတယ်။

အရမ်းအကောင်ကြီးတဲ့ငှက်တွေကတော့ အားကုန်ရုံးပြီးပျံထွက်နိုင်ကြပေမယ့် အကောင်ငယ်တဲ့ငှက်တွေကတော့ မပျံသန်းနိုင်တော့ပဲ အပင်မှာကပ်နေရင်ကပ် ၊ မကပ်နေရင် အမွှေးနဲ့ကော်နဲ့ ကပ်ကာ အောက်ကိုပြုတ်ကျပါတယ်။ အောက်ကိုပြုတ်ကျတဲ့ငှက်တွေဟာ တောကြောင် နဲ့ ခွေးတွေရဲ့ အစာဖြစ်သွားသလို အပင်မှာကပ်နေတဲ့ငှက်တွေကလည်း နာရီပေါင်းများစွာကြာပြီးတဲ့နောက် အစာရေစာပြတ်ကာ သေဆုံးသွားလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=338,q=100/59/59cea1771e14d98147035d13b1e8df8eb2c2c293.jpg
https://s9.kh1.co/__image/w=600,h=430,q=100/b7/b77b3d488d0f11f2444ab7fb2237e0f1e8472a8e.jpg
https://s9.kh1.co/__image/w=600,h=446,q=100/d9/d9246b90ebc3c6a87e71a0a2c380255102824582.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T