ဒီတစ်ခါမှာဖော်ပြမှာကတော့ မိမိလက်ကို ဖြတ်ပြီးမပုတ်မသိုးအောင် ဆေးစိမ်ကာ ဆွဲကြိုးပြုလုပ်ပြီး အလှချိတ်ဆွဲထားတဲ့ အမျိုးသမီးတစ်ယောက် အကြောင်းဖြစ်ပါတယ်။ ဒီအမျိုးသမီး ရဲ့ နာမည်က Torz Reynolds လို့ခေါ်ပါတယ်။ သာမန်သူအဖို့တော့ ကြောက်စရာကောင်းတဲ့ လုပ်ရပ်တစ်ခုပါပဲ။
ဒီအမျိုးသမီးဟာ ခန္ဓာကိုယ်ကို ဖောက်ထွင်းအလှဆင်တာ မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး Essex မြို့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာ သူမရဲ့ လက်သန်းကို သူမကိုယ်တိုင်လှီးဖြတ်ခဲ့ပြီး နောက်မှာ မပုတ်မသိုးအောင် ဆေးရည်စိမ်ပြီး လော့ကတ် ဖန်ဘူးလေးတစ်ခုအတွင်းမှာထားရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ သူမဟာ လည်ဆွဲတန်ဆာတစ်ခုအဖြစ် ပြောင်းလဲဝတ်ဆင်ခဲ့ပါတယ်။
သူမဟာ ခေသူတစ်ယောက်တော့မဟုတ်ပါဘူး။ တစ်ခါက သူမကို အရှက်ရစေခဲ့တဲ့ ရည်းစားဟောင်းအတွက် သူမလက်မောင်းတက်တူးကိုအရေခွံနွှာပြီး လက်ဆောင်ပေးခဲ့သေးတယ်လို့လည်း သိရပါတယ်။ အခုလိုလက်သန်းကို ဖြတ်လိုက်တဲ့ရည်ရွယ်ချက်က လက်သန်းဖြတ်လိုက်တဲ့နောက်ပိုင်း ကြုံတွေ့ရမယ့်အခက်အခဲတွေကို ရင်ဆိုင်ကြည့်ချင်စိတ်ကြောင့်ဖြစ်တယ်လို့ သူမကဆိုပါတယ်။ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တာ ကောင်းပေမယ့် ဒါကတော့ တစ်ဖက်ကမ်းကျော်သွားပြီးလို့ သတ်မှတ်ရမှာပါပဲ။
သတင်း အရင်းအမြစ်៖ Daily Mail