ထောင်သားတွေကြားက လက်နက်ကိုင်တိုက်ပွဲကြောင့် သေဆုံးသူများပြား

//s9.kh1.co/91/912d111e9a4ac15a911d834e0ed734da3be1654f.jpg
နေ့စဉ်သတင်းများ

 ၂၉-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မနေ့က စက်တင်ဘာလ ၂၈ ရက်နေ့က အီကွေဒေါနိုင်ငံ ဂွာယာကွေးဒေသက အကျဥ်းထောင်တစ်ခုမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

၄င်းပစ်ခတ်တိုက်ခိုက်မှုတွေဟာ ထောင်သားတွေအချင်းချင်းကြားမှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေလည်းရှိကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/ed/ed57590bf51773db3b069a5ec746b6c5e34908bc.jpg

ထောင်သားတွေဟာ သေနတ်တွေ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီပစ်ခတ်မှုကြောင့် ထောင်သား ၂၄ဦးလောက်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဒဏ်ရာရရှိသူအနေနဲ့ဆိုရင်လည်း ၄၈ ဦးလောက်ရှိခဲ့သလို ထောင်အတွင်းက အဆောက်အအုံတွေလည်း ထိခိုက်ပျက်ဆီးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/b9/b9e21a4fb78c6bb2bf6589621dff9b4040891377.webp

ထောင်သားတွေအချင်းချင်း တိုက်ခိုက်မှုဖြစ်ပွားရတဲ့အကြောင်းကိုတော့ မူးယစ်ဂိုဏ်းတွေနဲ့ ပတ်သတ်နေလိမ့်မယ်လို့ တွေးထင်ထားကြပါတယ်။

အီကွေဒေါ်နိုင်ငံအတွင်းမှာဆိုရင်လည်း ထောင်တွေဆူပူတာတွေ ထောင်သားတွေအသတ်ခံတာတွေက မကြာခဏဖြစ်ပေါ်လေ့ရှိသလို ထောင်အတွင်းကနေလည်း လက်နက်တွေမကြာခဏ သိမ်းဆီးရမိလေ့ရှိတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=422,q=100/a8/a849cebc327c8219e8162103ff60fe4d0ef536be.jpg
https://s9.kh1.co/__image/w=650,h=342,q=100/77/771acdecfb3b22cfdb8dd37fd8e6b374d7f46bef.jpg

သတင်း အရင်းအမြစ်Reuters

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T