လူတို့ရဲ့ဖန်တီးမှုမပါဝင်ပဲ သဘာဝအတိုင်းလေးထောင့်ပုံစံ​ဖြစ်နေတဲ့ သစ်ပင်များ

//s9.kh1.co/4f/4fd4a6bdf0f65b4a2148b02791f4eac19eba3aba.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်က နာမည်ကြီး ပနားမားတူးမြောင်းရဲ့ မိုင်အနည်းအကွာမှာ El Valle de Anton ဆိုတဲ့ မြို့ငယ်လေးတစ်မြို့ရှိပါတယ်။ ဒီမြို့ငယ်လေးနားက တောအုပ်ထဲမှာ မီးတောင်တစ်ခုအပြင် လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကို စိတ်ဝင်စားအောင်ဆွဲဆောင်တဲ့ နေရာတစ်ခုရှိပါတယ်။

အဲ့ဒီနေရာလေးကတော့ လေ့ထောင့်ပုံစံသစ်ပင်လေးတွေ ပေါက်ရောက်နေရာ နေရာလေးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=353,q=100/e4/e40c733f7cac0adfe17d6b96752518e6fb1c5fa7.jpg

၄င်းလေးထောင့်ပုံစံသစ်ပင်လေးတွေဟာ မီးတောင်ပေါက်ကွဲစဥ်ကထွက်ရှိခဲ့တဲ့ ချော်ရည်ပူတွေ စီးဆင်းခဲ့တဲ့မြေဆီလွှာပေါ်မှာ ပေါက်ရောက်နေတာပဲ ဖြစ်ပြီး ပုံသွင်းထားတာမရှိပဲ သဘာဝအတိုင်းလေးထောင့်ပုံစံ ဖြစ်နေတာပါ။

ဒီလိုလေးထောင့်ပုံစံရှိတဲ့ သစ်ပင်တွေဟာ ရှားပါး Cottonwood မျိုးနွယ်ထဲကဖြစ်ပြီး သစ်ပင်ရဲ့ လုံးပတ်အပြင် အတွင်းထဲက အရစ်တွေကပါ လေးထောင့်ပုံစံ ဖြစ်နေတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/e3/e305c0189fcb01b55aac2e4802f79151571e559c.jpg
https://s9.kh1.co/__image/w=600,h=900,q=100/bf/bf20377b8989015847b5a41910f6cd6c0feca56d.jpg

ဒီသစ်ပင်တွေကို အဝေးကကြည့်မယ်ဆိုရင်တော့ ပုံမှန်သစ်ပင်တွေနဲ့တူပြီး အနီးကပ်ကြည့်မှသာ လေးထောင့်ဖြစ်နေတာကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေရာလေးမှာရှိတဲ့ မီးတောင်ဟာ အချိန်မရွေးပေါက်ကွဲနိုင်ခြေရှိတာကြောင့် အမြဲနေထိုင်တဲ့သူမရှိပဲ လေ့လာသူတွေနဲ့ လည်ပတ်သူတွေသာ လာရောက်လေ့ရှိတဲ့ နေရာတစ်ခုသာဖြစ်ပါတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=600,h=398,q=100/ae/ae4f83914bf71af1d6c0f1e9a33e913efcddf9b2.jpg
https://s9.kh1.co/__image/w=600,h=800,q=100/55/555929e6c27c37b60cb64c487ba61d2a38fbfa0b.jpg

သတင်း အရင်းအမြစ်travelblog

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T