လူတွေခွေးတွေထက် မြေမြုပ်မိုင်းများကို ရှာဖွေပေးနိုင်စွမ်းရှိကြတဲ့ ကြွက်ကြီးများ

//s9.kh1.co/f4/f468b7d5caff14f1966aa7ef00d029a7254e094a.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

၁၉၉၇ ခုနှစ်တွင် ကြွက်များကို မြေမြုပ်မိုင်းများရှာဖွေရန် လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် အာဖရိကတိုက် နိုင်ငံကြီးများတွင် ကြွက်များကို မိုင်းရှာရန်အသုံးပြုခဲ့ကြပါတယ်။ ကြီးမားတဲ့ကြွက်များဟာ အမြင်အာရုံနည်းပါးကြပေမယ့်လည်း ထူးခြားတဲ့ အနံ့ခံနိုင်စွမ်းများရှိကြပါတယ်။

https://s9.kh1.co/__image/w=600,h=366,q=100/45/4523321855ef9c50a7be25e232a6900f48eb8407.jpg
https://s9.kh1.co/__image/w=600,h=400,q=100/9c/9c688d129d7cf2a2c7fed87d4636b8c9d5970f5b.jpg

ကမ္ဘောဒီးယားနိုင်ငံတွင် နိုင်ငံတစ်ဝန်း မြေမြုပ်မိုင်းပေါင်း ခြောက် သန်းခန့်ရှိကြောင်း ခန့်မှန်းထားကြပြီး လယ်ယာထွန်ယက်ခြင်း၊ အိမ်ရာတည်ဆောက်ခြင်းများ ဆောင်ရွက်နိုင်ရန် မိုင်းများကို လုံးဝရှင်းလင်းရန်လိုအပ်လာခဲ့ပါတယ်။ ကြွက်များကို ကိုးလကြာ လေ့ကျင့်ပေးခဲ့ပြီးနောက် ၁၈၅ စတုရန်းမီတာ (စတုရန်းပေ ၂၀၀၀) အကျယ်အဝန်းအတွင်းရှိ မိုင်းများကို မိနစ် ၂၀ အတွင်းရှာဖွေနိုင်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=537,q=100/99/99c7c18774bcb9e6b5b5692023a5eab4774e8a7e.jpg
https://s9.kh1.co/__image/w=600,h=396,q=100/f2/f2eedd250776a9686b572084de028fcc048b7867.jpg

ကြွက်များဟာ မိုင်းများကို ရှာဖွေရာတွင် သူတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ မိုင်းကိုပေါက်ကွဲစေနိုင်လောက်တဲ့ အလေးချိန် မရှိပါဘူး။ TNT ယမ်းနံ့ကို ရရှိသလို မိုင်းရှိတဲ့နေရာကိုလည်း သိရှိပါတယ်။ ဒါပေမယ့် အချိန်တိုင်းမှာ ကြွက်များကို မြေမြုပ်မိုင်းတူးဖော်ခွင့်မပြုဘဲ နောက်ပိုင်းမှ မိုင်းများကို ဖောက်ခွဲရှင်းလင်းကြရပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/f8/f869002c005d7fbdd07548cb78eb12526d631881.jpg
https://s9.kh1.co/__image/w=600,h=450,q=100/d1/d17fa452541af3bb818f2d5dc30e004d7877d2f5.jpg

သတင်း အရင်းအမြစ်National Geographic

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T