လက်ရှိအခြေအနေတွေအရ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီး တောင်ပေါ်ဒေသပြည်သူတွေမှာ အသက်အိုးအိမ်တွေကို စွန့်ခွာကာ တောထဲတောင်ထဲ ရှောင်တိမ်းနေကြရတာ ဖြစ်ပါတယ်။ ဆင်းရဲဒုက္ခပေါင်းများစွာနဲ့ အသက်အန္တရာယ်တွေအတွက် ဘေးလွတ်ရာပြေးလွှားရှောင်တိမ်းနေကြရတဲ့ စစ်ရှောင်ပြည်သူတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာလည်း တော်တော်များများပါပဲ။
စစ်ရှောင်ပြည်သူများထဲမှာ ယောကျ်ားမိန်းမ ကလေးလူကြီး လူတန်းအစုံပါဝင်ပြီး ပြည်သူတွေက အချင်းချင်ဒဖေးမကူညီကာ တတ်နိုင်သလောက်လှူဒါန်းထောက်ပံ့နေကြတာ ဖြစ်ပါတယ်။ စစ်ရှောင်ကလေးငယ်လေးတွေကတော့ လာရောက်လှူဒါန်းတဲ့ အလှူရှင်တွေရဲ့ အရုပ်ကလေးတွေကြောင့် အပြုံးလေးတွေကိုယ်စီနဲ့ ပျော်ရွှင်ခဲ့ကြရပါတယ်။
အရုပ်ကလေးတွေနဲ့ စားစရာမုန့်တွေရလို့ အရမ်းကိုပျော်နေကြတဲ့ ကလေးငယ်လေးဆွေရဲ့ ချစ်စရာပုံရိပ်လေးတွေဟာ မြင်သူတိုင်းကို အပျော်လေးတွေကူးစက်စေပါတယ်နော်။ တောင်ပေါ်ဒေသစစ်ဘေးရှောင်စခန်းမှ ကလေးငယ်များအတွက် အမွှေးပွအရုပ်အသေးလေးတွေ မျှဝေပေးပြီး အာဟာရအတွက် ကိတ်မုန့်နဲ့ မိုင်လိုတို့ကိုလည်း စေတနာရှင်တွေက လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Clean Yangon's Fb Page