ယခုနှစ်ဘောလုံးစတင်ပြီး ပွဲအနည်းငယ်ကစားချိန်မှာပဲ အချို့ဘောလုံးအသင်းတွေရဲ့ လိုအပ်ချက်တွေကို မြင်တွေ့လာခဲ့ရသလို အချို့ဘောလုံးအသင်းတွေရဲ့ အားသာချက်တွေကိုလည်း မြင်တွေ့လာရပါတယ်။ ခြေစွမ်းကောင်းတွေ ပြသပြီး အသင်းကို နိုင်ပွဲတွေ ရရှိအောင် စွမ်းဆောင်ပေးနေတဲ့ နာမည်ကျော်ကစားသမားတွေလည်း အများအပြားရှိနေကြပါတယ်။ အဆိုပါခြေစွမ်းပြနေတဲ့ ကစားသမားတွေထဲ သက်ကြီးကစားသမားတွေလည်း ပါဝင်သလို လူငယ်ကစားသမားတွေလည်း ပါဝင်ကြပါတယ်။
လိဒ်ပွဲစဥ်တွေ ကိုယ်စီကစားခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေကို ပြသထားပြီး ဂိုးတွေလည်း သွင်းယူနိုင်သလို ဖန်တီးမှုတွေလည်း အများအပြားပြုလုပ်ထားကြတဲ့ နာမည်ကျော်ကစားသမားတွေ အများအပြားရှိနေခဲ့ပါတယ်။ ပထမဆုံးကစားသမားကတော့ ရီးရဲအသင်းရဲ့ တိုက်စစ်မှူး Benzema ဖြစ်ပြီး (၇)ပွဲကစားအပြီး သွင်းဂိုး(၈)ဂိုး၊ ဖန်တီးမှု (၇)ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းဟာလည်း (၅)ပွဲကစားအပြီး ဖန်တီးမှု (၄)ကြိမ်နဲ့ သွင်းဂိုး(၇)ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။
လာဇီယိုတိုက်စစ်မှူး Immobile က (၆)ပွဲကစားအပြီး သွင်းဂိုး(၆)ဂိုးနဲ့ ဖန်တီးမှု(၂)ကြိမ်၊ရီးရဲတောင်ပံကစားသမား Vinicius Jr က(၇)ပွဲကစားအပြီး သွင်းဂိုး(၅)ဂိုးနဲ့ ဖန်တီးမှု(၃)ကြိမ်၊ ဝက်ဟမ်းတိုက်စစ်မှူး Antonio က (၅)ပွဲကစားအပြီး သွင်းဂိုး(၅)ဂိုးနဲ့ ဖန်တီးမှု(၃)ကြိမ်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ လေဗာကူဆင်တိုက်စစ်မှူး Wirtz က သွင်းဂိုး(၄)ဂိုးနဲ့ ဖန်တီးမှု(၄)ကြိမ်၊ ဘိုင်ယန်တိုက်စစ်မှူးတိုက်စစ်မှူး လီဝန်ဒေါ့စကီးက သွင်းဂိုး (၇)ဂိုး၊ လီဗာပူးတိုက်စစ်မှူး ဆာလတ်က သွင်းဂိုး(၅)ဂိုးနဲ့ ဖန်တီးမှု(၂)ကြိမ် ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။
Source : Original Uploder