လွတ်မြောက်နယ်မြေမှာ အခက်အခဲတွေကိုရင်ဆိုင်ရင်း သူတို့မိသားစုနေထိုင်နေရတဲ့အခြေအနေကိုဖွင့်ဟလာတဲ့မင်းမော်ကွန်း

//s9.kh1.co/98/98dc9c49c0de4b87182d0781e9c194d8addddfd5.jpeg
အနုပညာရှင်များ

 ၂၈-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

လွတ်မြောက်နယ်မြေမှာ အခက်အခဲတွေကိုရင်ဆိုင်ရင်း သူတို့မိသားစုနေထိုင်နေရတဲ့အခြေအနေကိုဖွင့်ဟလာတဲ့မင်းမော်ကွန်း

အကယ်ဒမီမင်းမော်ကွန်းကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုနဲ့ ရပ်တည်ခဲ့တာကြောင့်အရေးတော်ပုံမှာလည်း ပြည်သူတွေနဲ့အတူ ပြန်လည်ရပ်တည်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာဆိုရင် မင်းမော်ကွန်းကလွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီး PDF ရဲဘော်တွေနဲ့အတူ တစ်သားတည်းနေထိုင်နေတာပဲဖြစ်ပါတယ်။မင်းမော်ကွန်းရဲ့ စွန့်လွှတ်စွန့်စားရဲတဲ့စိတ်ဓာတ်ကိုလည်း ပြည်သူတွေက လေးစားနေကြတာဖြစ်ပါတယ်။

Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မင်းမော်ကွန်းနဲ့အတူ သူ့ရဲ့မိသားစုဝင်တွေကလည်း လွတ်မြောက်နယ်မြေကို လိုက်ပါလာပြီး အေးအတူပူအမျှနေထိုင်နေတာဖြစ်ပါတယ်။မင်းမော်ကွန်းရဲ့ ဇနီးကလည်း ပါရမီဖြည့်ဖက်ကောင်းပီသစွာနဲ့ လိုအပ်တာတွေကိုဖြည့်ဆည်းပေးတာဖြစ်ပါတယ်။သူတို့မိသားစုကို ကူညီမယ့်သူတွေပေါများပေမယ့် ဘယ်သူ့ဆီကမှအကူအညီမတောင်းဘဲ ကိုယ့်အားကိုယ်ကိုးကြတာဖြစ်ပါတယ်။တောထဲမှာ အလေ့ကျပေါက်ရောက်နေတဲ့ ဟင်းသီးဟင်းရွက်လေးတွေကိုခူးပြီး စားဝတ်နေရေးအတွက်ဖြေရှင်းကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 

မင်းမော်ကွန်းရဲ့ သားငယ်လေးကလည်း တောတောင်ထဲမှာ အိမ်မှာလိုတော့ မပြည့်စုံပေမယ့် ဖေဖေ၊မေမေတို့နဲ့အတူ မညည်းမငြူဘဲ နေထိုင်နေတာဖြစ်ပါတယ်။မနေ့ကဆိုရင်တော့ မင်းမော်ကွန်းက သူတို့မိသားစု "အဆင်ပြေအောင်နေနေပါတယ်" ဆိုပြီး ပုံရိပ်လေးနဲ့အတူတင်လာတာဖြစ်ပါတယ်။မင်းမော်ကွန်းရဲ့ ဇနီးနဲ့သားလေးကတော့လွတ်မြောက်နယ်မြေမှာ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်ကျော်ရင်း အပြုံးမပျက်နေထိုင်နေကြကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Ye Min (AAC)
Photo Credit:Ye Min (AAC)
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 

Source&Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T