ဒေါ်လာသန်းချီ တန်ဖိုးရှိပြီး လူခြောက်ယောက်တောင် သယ်ဖို့လိုအပ်တဲ့ အာရပ်သတိုးသမီး

//s9.kh1.co/ab/ab9afc70edfda6ed6ad643aa7a1010856cf3611a.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

အာရပ်စော်ဘွားများနိုင်ငံ UAE က ဒီဇိုင်းပညာရှင်ဖြစ်တဲ့ Dabbie Wingham ဆိုသူ အမျိုးသမီးဟာ မင်္ဂလာပွဲတွေအတွက် ဒီဇိုင်းတွေ ဖန်တီးပေးတဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ဖန်တီးမှုတိုင်းက ဒေါ်လာသန်းနဲ့ချီ ကုန်ကျတာမျိုးတွေပါပဲ။ သူမဟာ ဒေါ်လာ ၁၆ သန်းတန် ဖိနပ်၊ ဒေါ်လာ ၄.၈ သန်းတန် စိန်အနက်နဲ့ စီချယ်ထားတဲ့ ဝတ်စုံတို့ကို တီထွင်ဖန်တီးခဲ့ဖူးပြီး ယခုနောက်ဆုံး ဖန်တီးလိုက်တာကတော့ “Lulwa” လို့ အမည်ပေးထားတဲ့ အာရပ်သတိုးသမီး ရုပ်တုပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=367,q=100/8c/8cbe85ae134439c6f3bad09b08a0816b13a27c62.jpg
https://s9.kh1.co/__image/w=650,h=650,q=100/aa/aafaab74bbbe5a6c83002a26ac6dbea6243df619.jpg

ဒီရုပ်တုတစ်ခုလုံးဟာ ၁၂၀ ကီလိုအလေးချိန်ရှိတဲ့ မင်္ဂလာပွဲကိတ်မုန့်ဖြစ်ပြီး ဒေါ်လာ ၁ သန်းကုန်ကျပါတယ်။ “Lulwa” ဆိုတာကတော့ အာရပ်လို “ပုလဲ” လို့ အဓိပ္ပါယ်ရပါတယ်။ အရုပ်ရဲ့ အဝတ်အစားတွေကို သကြားပျော့ပျော့လေးတွေနဲ့ ဖန်တီးထားပြီး ရေမြုတ်အလွှာလေးများ၊ ချော့ကလက် ၂၅ ကီလိုနဲ့ သကြား ကီလို ၅၀ ဝန်ကျင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=554,q=100/ee/eeb070e3fa4716d7da046d5a0f42cb900c320a45.jpg
https://s9.kh1.co/__image/w=650,h=366,q=100/bb/bb23f565747437ec91f9c3b2dae9a8c223e1b2c1.jpg
https://s9.kh1.co/__image/w=650,h=366,q=100/26/2628ac69c2bf71edda3cdc1278bc3e43979e7ebd.jpg

ကိတ်မုန့်လေးသာဖြစ်ပေမယ့် အသက်ဝင်လွန်းတဲ့ ပုလဲသတိုးသမီးကိတ်မုန့်ကို သယ်မဖို့ဆိုရင် အနည်းဆုံး လူခြောက်ယောက်လောက်လိုပါတယ်။ ဒီအရုပ်လေးကို ဘယ်သူကမှ ကိတ်မုန့်လို့ မထင်ကြဘူးလို့လည်း ဆိုကြပါတယ်။ အာရပ်ယဉ်ကျေးမှု ပုံစံတွေနဲ့ ထုံမွှမ်းထားတဲ့ “ပုလဲသတိုးသမီး” က မြင်ရသူတိုင်း စွဲမက်စရာကောင်းတဲ့ သတိုးသမီးအစစ်လို့တောင် ထင်မှားလောက်ပါတယ်။

https://s9.kh1.co/__image/w=600,h=300,q=100/15/154519abc1d5bbc26d6d54a943285211c22284c1.jpg
https://s9.kh1.co/__image/w=650,h=651,q=100/9f/9f1dc4d05daae8ac28451df1dc5a59c9be41f2fc.jpg
https://s9.kh1.co/__image/w=650,h=1193,q=100/83/83ac5ebcd7a9e8cef768666d6f6c98b5120fc97a.jpg

သတင်း အရင်းအမြစ်Abouther

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T