ဒီကနေ့မှာ ကျရောက်တဲ့ မွေးနေ့လေးမှာ မိသားစုနဲ့ အတူ ကောင်းမှုကုသိုလ် အလှူအတန်းများစွာ ပြုလုပ်ခဲ့တဲ့ ခိုင်သင်းကြည်

//s9.kh1.co/23/235a5fc7e0bc6453f553407f6bf1d73b7d8130cf.jpeg
အနုပညာရှင်များ

 ၂၇-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

....,,,

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးကြီးဖြစ်တဲ့ ခိုင်သင်းကြည်ကိုတော့ ချစ်ပရိသတ်ကြီးရဲ့ ရင်ထဲမှာအမြဲရှိနေမှာပါ။မခိုင်လို့ အများက ချစ်စနိုးခေါ်ကြတဲ့ ခိုင်သင်းကြည်ကတော့ စွယ်စုံရ မင်းသမီးဖြစ်ကာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုတွေ ပိုင်ဆိုင်ထားကာ ပရိသတ်များစွာရဲ့ အားပေးမှုကို အခိုင်အမာရထားတာလည်းဖြစ်ပါတယ်။  

Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 

အလှူအတန်းနဲ့ ပတ်သက်ရင်လည်း ခိုင်သင်းကြည်တို့ မိသားစုက အလှူရေစက် လက်နဲ့မကွာဆိုသလို လှူဒါန်းနေတဲ့ သဒ္ဓါတရားထက်သန်လှတဲ့ မိသားစုလည်းဖြစ်ပါတယ်။ အမြဲတမ်းလိုလို အထိမ်းအမှတ်နေ့လေးတွေနဲ့ အခါအခွင့်သင့်ရင်သင့်သလို အလှူလေးတွေကို မိသားစုလိုက် စိတ်သဘောထားတူညီစွာနဲ့ လှူဒါန်းလေ့ရှိကြတဲ့အတွက် ပရိသတ်တွေက တစ်မိသားစုလုံးကို လေးစားနေကြရတာပါ။

Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 

အခုလည်း မခိုင်လေးက ယနေ့မှာကျရောက်တဲ့ သူမရဲ့ မွေးနေ့လေးမှာ ချစ်ရတဲ့ မိသားစုနဲ့ အတူ အလှူအတန်း ကောင်းမှု ကုသိုလ် များစွာ ပြုလုပ်ခဲ့ပါတယ် ။ ဘုန်းကြီးကျောင်းရဲ့ အနီး ဝန်းကျင်မှာ ရှိတဲ့ ပြည်သူတွေကို ထမင်းဘူးများ ဝေဌလျက်ရှိတာကို ဗီဒီယိုထဲမှာ တွေ့ရမှာပါ ။ ပရိသတ်ကြီးအတွက် မခိုင်လေးရဲ့ မွေးနေ့ အလှူလေးကို ဝေမျှပေးရင်း မွေးနေ့မှာ ပျော်ရွှင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T