ကျည်ကုန်သွားတာတောင် ဇွဲမလျှော့ဘဲ သူ့မှာရှိတဲ့လေးခွနဲ့ ကြိုးစားပမ်းစား ပစ်ခတ်နေတဲ့ ရှေ့တန်းက PDF လူငယ်တစ်ဦးရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/bd/bde8bd364670c75e79a9fa55071ec58da4445635.jpg
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ကျည်ကုန်သွားတာတောင် ဇွဲမလျှော့ဘဲ သူ့မှာရှိတဲ့လေးခွနဲ့ ကြိုးစားပမ်းစား ပစ်ခတ်နေတဲ့ ရှေ့တန်းက PDF လူငယ်တစ်ဦးရဲ့ဗီဒီယိုဖိုင်

ယခုရက်ပိုင်းမှာတော့ ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဥ်နဲ့အမျှ ဖြစ်ပွားနေတာ တွေ့ရပါတယ်။ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်လာတာကြောင့် ကယားပြည်နယ်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေ အားလုံးပူးပေါင်းတိုက်ခိုက်နေရတာ ဖြစ်ပါတယ် ။ Demoso PDF, PDF Loikow, KNDF, KPDF ,K.A တို့လို ကရင်နီတပ်ဖွဲ့တွေက အားလုံးပူးပေါင်းပြီး တိုက်ပွဲဝင်နေရတာလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ပြီးခဲ့တဲ့စက်တင်ဘာလ (၂၅) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကျောက်ဆည်ကန်တိုက်ပွဲမှာတော့ Loikaw PDF ဘက်က လူငယ်တစ်ဦး ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။ မနေ့ကဆိုရင်လည်း ကျည်ကုန်သွားလို့ဆိုပြီး လေးခွနဲ့ပစ်နေတဲ့ PDF လူငယ်တစ်ဦးရဲ့ဗီဒီယိုဖိုင်က လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီဗီဒီယိုထဲက PDF လူငယ်လေးက ကျည်ကုန်သွားတာတောင် ဇွဲမလျှော့ဘဲ သူ့မှာရှိတာလေးနဲ့ ကြိုးစားပမ်းစား ပစ်ခတ်နေတာ ဖြစ်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အဆုံးအစွန်အထိ တိုက်ပွဲဝင်သွားမယ့်စိတ်ဓာတ်ကိုပြသခဲ့တဲ့ PDF လူငယ်လေးရဲ့အပြုအမူကိုကြည့်ပြီး ပြည်သူတွေက လေးစားချီးကျူးနေကြသလို ဘေးကင်းစေဖို့ ဆုတောင်းပေးနေကြတာလည်း ဖြစ်ပါတယ် ။ KNDF အဖွဲ့က လူငယ်တစ်ဦးကတော့ ဒီဗီဒီယိုဖိုင်ကိုမျှဝေပြီး ပြည်သူတွေအနေနဲ့ သူတို့လိုအပ်နေတာတွေကို ကူညီပေးဖို့ တောင်းဆိုထားတာလည်း တွေ့ရပါတယ်။ ကျည်ကုန်သွားလို့ဆိုပြီး လေးခွထုတ်ကာ ကြိုးစားပမ်းစားလိုက်ပစ်နေတဲ့ PDF လူငယ်တစ်ဦးရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Video Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T