သေကြောင်းကြံစည်တယ်ဆိုတာက ဗုဒ္ဓဘာသာအယူအရဆိုရင်မလုပ်သင့်တဲ့ ကိစ္စတစ်ခုဖြစ်သလို ဘာ့ကြောင့်ပဲဖြစ်ဖြစ် ရတောင့်ရခဲလှတဲ့ လူ့ဘဝတိုတိုလေးမှာ ကိုယ့်ကိုကိုယ်သတ်သေတာမျိုးမလုပ်သင့်ပါဘူး။
ဒါပေမယ့်လည်း စိတ်ပင်ပန်းတာတွေ ခက်ခဲမှုတွေများလာတာကနေ စိတ်ဓာတ်တွေကျလာပြီး ဘဝကိုအရှုံးပေးကာသတ်သေသွားကြသူတွေလည်း အများကြီးမှအများကြီးပါပဲ။
ဒီတစ်ခေါက်မှာဆိုရင်လည်း ကမ္ဘာတစ်ဝှမ်းက လူတွေသေကြောင်းကြံစည်မှု အများဆုံးပြုလုပ်ကြတဲ့ နေရာလေးအချို့ကိုဖော်ပြပေးချင်ပါတယ်။
1 - Golden Gate Bridge
အမေရိကန်နိုင်ငံမှာရှိတဲ့ အဆိုပါ တံတားဟာ ကမ္ဘာပေါ်မှာ မိမိကိုယ်ကိုအဆုံးစီရင်ကြတဲ့နေရာအဖြစ် ထင်ရှားလှပါတယ်။ တံတားကြီးရဲ့သက်တမ်းဟာ (၇၅)နှစ်နှစ်ရှိပြီဖြစ်ကာ တံတားဖွင့်လှစ်အချိန်မှစ၍ ယခုအချိန်အထိ မိမိကိုယ်ကို အဆုံးစီရင်မှုပေါင်း (၁၅၀၀)ကျော်ဖြစ်ပွားခဲ့ပါတယ်။
2 - Aokigahara Forest
ဖူဂျီတောင်အနားမှာရှိတဲ့ ထိုတောအုပ်လေးထဲမှာ မိမိကိုယ်ကိုအဆုံးစီရင်ကြတဲ့နှုန်း များပြားလာတဲ့အတွက်ဒေသခံရဲတွေဟာ အဆိုပါတောအုပ်ဝန်းကျင်တစ်ဝိုက်ကို တားမြစ်နယ်မြေအဖြစ်တောင် ပြုလုပ်ခဲ့ရပါတယ်။
3 - Niagara Falls
နိုင်ဂါရာရေတံခွန်ဟာ အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံကြားမှာရှိတာဖြစ်ပြီး အလွန်လှပတဲ့ရေတံခွန်လေးတစ်ခုဖြစ်ပါတယ်။ သို့သော်ထိုရေတံခွန်မှာ နှစ်တိုင်း လူအယောက်(၂၀)မိမိကိုယ်ကို အဆုံးစီရင်ပီး သေဆုံတဲ့ နာမည်ဆိုးလည်းရှိနေပါတယ်။
4 - Clifton Bridge
အင်္ဂလန်နိုင်ငံမှာရှိတဲ့ အဆိုပါတံတားဟာ ၁၈၆၄ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပြီး သက်တမ်းရင့် တံတားတစ်စင်းလည်းဖြစ်ပါတယ်။ ထိုတံတားဖွင့်လှစ်ပြီးချိန်မှစ၍ ယနေ့အချိန်ထိ မိမိကိုယ်ကိုမဆုံးစီရင်မှုပေါင်း (၂၀၀၀) ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Famous Sucide Place