လူနေထူထပ်ပီး အရမ်း​သေးငယ်တဲ့ အာဖရိကတိုက်ထဲကကျွန်းလေး

//s9.kh1.co/25/25bb44e5bf938a2d70bd738b94ecec963e5c29d8.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဒီကျွန်းလေးရဲ့ နာမည်ကတော့ Migingo ဖြစ်ပြီး

အာဖရိကတိုက်ထဲမှာရှိတဲ့ Lake Victoria ထဲမှာတည်ရှိပါတယ်။

ဒီကျွန်းလေးရဲ့ အကျယ်အဝန်းဟာ 2000 square-metre (0.49 acre)သာရှိပြီး တော်တော်လေးကို သေးတဲ့ကျွန်းလေးတစ်ကျွန်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=399,q=100/6b/6b63cdd21900a4e7e25e56a0018c753b6ca31f44.jpg
https://s9.kh1.co/__image/w=600,h=371,q=100/8e/8e40d147dbbb36b89f610e95b109629de200c4cb.jpg

ဒီကျွန်းလေးမှာ အခြေချနေထိုင်သူဟာ တစ်ရာကျော်လောက်သာရှိပြီး အခြားစီးပွားလာရောက်လုပ်ကိုင်နေသူတွေကိုပါ ပေါင်းလိုက်ရင်တော့ တစ်ထောင်ကျော်လောက်ရှိပါတယ်။

ကျွန်းရဲ့ အကျယ်အဝန်းအဝန်းနဲ့ ဒီလောက်လူပမာဏဟာ တော်တော်လေးများတယ်လို့ဆိုလို့ရပြီး ဒီ Migingo ကျွန်းလေးကို လူဦးရေထူထပ်တဲ့ကျွန်းလေးအဖြစ် သတ်မှတ်ထားကြပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/37/378a64f66f21b07c6f6c1636ed60e3178973b38a.jpg
https://s9.kh1.co/__image/w=600,h=400,q=100/80/807841e1935a948feedb29137a86123abc0b8f34.jpg

ဒီကျွန်းလေးတည်ရှိရာ အနီးတဝိုက်မှာလည်း ငါးတွေပေါတာကြောင့် ကျွန်းပေါ်နေထိုင်သူတွေဟာ ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပါတယ်။

ဒါ့အပြင်အခြားသော စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများလည်းရှိကြပြီး လာရောက်လည်ပတ်သူတွေနဲ့ စည်ကားလျက်ရှိတဲ့ ကျွန်းလေးတစ်ကျွန်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/9f/9fd058c1bfe6657bae6a2ae97b28a72224d46e36.jpg
https://s9.kh1.co/__image/w=650,h=434,q=100/88/882c3d017aa748a9a4313055c64683ccccb7acb0.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T