မသန်းမစွမ်းတစ်ယောက်ဖြစ်ပေမယ့်လည်း လောကဓံကို အရှုံးမ‌ပေးတဲ့ ကလေးငယ်

//s9.kh1.co/c4/c4720f8644ef1a166a7e9d7e6f4685ba7a9dcfd0.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ခုဖော်ပြပေးမှာကတော့ အရွယ်နဲ့မမျှအောင်လောကဓံကိုအရှုံးမပေးတဲ့ ကလေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ သူကတော့ (၆)နှစ်အရွယ်သာရှိသေးတဲ့ ဘောစ်နီးယား နိုင်ငံက ကလေးတစ်ယောက်ပါ။ မျက်နှာမြင်ချစ်ခင်ပါစေရုပ်လေးနဲ့ပြည့်စုံတဲ့ (၆)နှစ်သားလေး Ismail Zulfic မှာ တခြားကလေးတွေနဲ့ မတူတဲ့အချက်ကတော့ ကိုယ်လက်အင်္ဂါ မစုံလင်တာပါပဲ။ မသန်စွမ်းကလေးငယ်တစ်ယောက်ဖြစ်တဲ့ Ismail ဟာ မွေးရာပါ ခြေလက်အင်္ဂါ ချို့ယွင်းနေတာကြောင့် သူ့အတွက်တော့ သူများတွေထက်ခက်ခက်ခဲခဲ အသက်ရှင်နေရတာပါ။

https://s9.kh1.co/__image/w=512,h=341,q=100/46/468e029c803236f44bffb6d1f918a275dd7f6e22.jpg
https://s9.kh1.co/__image/w=512,h=341,q=100/98/98344a31f62ed4b505fea7644c463390af563da5.jpg

ဲဒါပေမယ့် သူတို့လိုမသန်စွမ်းကလေးငယ်လေးတွေကို ပြုစုပျိုးထောင်ပေးတဲ့ ရေကူးသင်တန်းကျောင်းရှိပါတယ်။ သူ့ရဲ့မိဘတွေကလည်း Spid ဆိုတဲ့ အခမဲ့သင်ကြားပေးတဲ့ မသန်စွမ်းကလေးငယ်ရေကူးသင်တန်းကျောင်းလေးကို ပို့ပေးခဲ့ပါတယ်။ ရေကူးဝါသနာပါတဲ့ Ismail လည်း အဲ့ဒီရေကူးသင်တန်းကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။ အစပိုင်းကတော့ Ismail ဟာ ရေကြောက်တတ်ပေမယ့် နောက်ပိုင်းမှာတော့ အဆင်ပြေခဲ့ပါတယ်။ မသန်စွမ်းကလေးငယ်တွေရဲ့ ခန္ဓာကိုယ်အနေအထားကတော့ တစ်ယောက်နဲ့တစ်ယောက်မတူကြပေမယ့်လည်း သူတို့ဖြစ်ချင်တာလေးတွေဖြစ်ခွင့်ရဖို့ မိဘတွေအနေနဲ့ သူတို့ဆန္ဒလေးတွေကို လုပ်ခွင့်ပေးလိုက်ပါလို့ သင်တန်းနည်းပြ Amel က ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/f3/f3e6e3a41f83cc61ca32b604ef296c88ccaf03d3.jpg
https://s9.kh1.co/__image/w=650,h=366,q=100/41/411408c29697dcf4b3b3fbf3654552557cb49718.jpg

Ismail ရဲ့ ရေကြောက်တဲ့စိတ်ကို ပျောက်သွားစေဖို့ ရေကူးသင်ရာမှာ သီးသန့်အချိန်ပေးရတယ်လို့ ဆိုပါတယ်။ သားလေး Ismail ရဲ့ မိဘတွေကတော့ သူတို့ရဲ့သားဖြစ်သူကို ကျွမ်းကျွမ်းကျင်ကျင် ရေကူးတတ်စေဖို့ ထရိန်နင်တွေပေးစေပါတယ်။ သင်တန်းကျောင်းရဲ့လေ့ကျင့်ပေးမှုတွေနဲ့အတူ သူ့ရဲ့ အလျှော့မပေးတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကြောင့် အခုဆိုရင် သူက အတော်လေး ရေကူးကျွမ်းကျင်နေတဲ့အဆင့်ရောက်နေပါပြီ။ ကြိုးစားမှုရလာဒ်တွေကြောင့် အကောင်းဆုံး မသန်စွမ်းရေကူးသမားဆုအဖြစ် ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ ပရိသတ်တွေလည်း ဘယ်လိုအခက်အခဲဒုက္ခတွေပဲကြုံကြုံ စိတ်ဓာတ်မကျပါနဲ့။

https://s9.kh1.co/__image/w=650,h=433,q=100/12/123eb467d2ce82d8abe0c6eac57c5e0734199d0d.jpg

သတင်း အရင်းအမြစ်Metro

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T