တစ်ချိန်ကအရမ်းစည်ကားခဲ့ပေမယ့် တစ္ဆေမြို့ဖြစ်သွားခဲ့ရတဲ့ ရွှေအရမ်းထွက်ရှိခဲ့သောမြို့လေး

//s9.kh1.co/6e/6ef424c1f150d41ba27e307f405ebe0e29e51ba3.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

အမေရိကန်နိုင်ငံ California ပြည်နယ်အတွင်းမှာတော့ Bodie လို့ခေါ်တဲ့မြို့လေးတစ်မြို့ရှိပါတယ်။

မြို့လေးနာမည်ဖြစ်ပေါ်လာတာကတော့ ဒီဒေသမှာ ရွှေတွေကိုပထမဆုံးစတင်တွေ့ရှိခဲ့တဲ့ Willan Bodie ရဲ့နာမည်ကနေ Bodie ကိုယူပြီး ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒီမြို့လေးကတော့ အရင်ကရွှေတွေအရမ်းထွက်တဲ့မြို့လေးအဖြစ် နာမည်ကြီးပြီး နေထိုင်သူလူဦးရေကလည်း တစ်သောင်းဝန်းကျင်လောက်ရှိပါတယ်။

https://s9.kh1.co/__image/w=271,h=186,q=100/0a/0acfe787b5e0f4fc13320efa9958f9bde0124082.jpeg

ဒီမြို့လေးမှာ ရွှေတွေတွေ့တယ်ဆိုတဲ့ သတင်းတွေပျံ့သွားပြီနောက်မှာ လူအများစုရုံးလာရောက်နေထိုင်ကြပြီး ရွှေတူးတဲ့တွင်းတွေပါရှိလာခဲ့ပါတယ်။

ဒါပေမယ့် နှစ်အနည်းငယ်ကြာတဲ့အခါမှာ ဒီမြို့လေးမှာ တရားဥပဒေစိုးမိုးမှုကင်းမဲ့ပြီး ခိုးမှု၊ လုယက်မှု ၊ ဓားပြတိုက်မှု ၊ လူသတ်မှုတွေဆက်တိုက်ဖြစ်လာတာကြောင့် မြို့ကိုစွန့်ခွာသူတွေရှိလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=400,h=275,q=100/a7/a79930faaa67f23789306fb3f40e17ef02f71921.jpg
https://s9.kh1.co/__image/w=650,h=366,q=100/ab/ab913d40a2fa046ae5aea186041d0827e26b9814.jpg

အဲ့ဒီနောက်ဒီမြို့မှာ မီးလောင်မှုနှစ်ကြိမ်ဖြစ်ပွားပြီးနောက်မှာတော့ လူသူကင်းမဲ့လာခဲ့ပြီး ၁၉၄၀ ခုနှစ်လောက်ကစပြီး တဖြေးဖြေးတစ္ဆေမြို့ကြီးအဖြစ် နာမည်ကြီးလာခဲ့ပါတယ်။

၁၈၈၀ ပြည့်နှစ်လောက်ကတော့ အရမ်းစည်ကားတဲ့မြို့ကြီးဖြစ်ခဲ့ပေမယ်လည်း အခုဆိုရင်တော့ လူသူကင်းမဲ့ခြောက်သွေ့သွားခဲ့ပါပြီ။

လက်ရှိမှာတော့ ဒီ Bodie မြို့ဟာ သမိုင်းဝင်နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ နေရာတစ်ခုဖြစ်ပြီး လာရောက်လည်ပတ်သူတွေတော့ ရှိကြပါတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/22/225fd879a48b678a6b8a50ca8011ddbd8e86ade6.jpg
https://s9.kh1.co/__image/w=650,h=326,q=100/e0/e064ca3ae9354b6e7da223414ad5761f31026f5e.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T