ကျောက်မြောင်းရှိနေအိမ်တစ်ခုဖောက်ထွင်းခံရပြီး သိန်း(၆၀)ခန့်ပါသွားသည့်ဖြစ်စဉ်တစ်ခုဖြစ်ပွား - Myanmarload

ကျောက်မြောင်းရှိနေအိမ်တစ်ခုဖောက်ထွင်းခံရပြီး သိန်း(၆၀)ခန့်ပါသွားသည့်ဖြစ်စဉ်တစ်ခုဖြစ်ပွား

https://s9.kh1.co/ab/abab9af4d965c0c46ecc94d71e9cfbdf6b035ccf.jpg
နေ့စဉ်သတင်းများ
 23-Sep-2021 12pm · a month ago

.

နိုင်ငံရေးမတည်ငြိမ်မှုတွေအပြင် စီးပွားရေးကြပ်တည်းလာမှုတွေကြောင့် ပြည်သူတွေလည်းစား၀တ်နေရေးခက်ခဲလာကြပြီး ခိုးဝှက်မှု၊လုယက်မှုတွေပါ ဖြစ်ပေါ်လာနေတာကိုတွေ့ရပါတယ်။ လုယက်မှုတွေကလည်း တစ်နေ့တစ်ခြားပိုမိုဆိုးရွားလာနေပြီး အသက်သေဆုံးရတဲ့အထိဖြစ်ပေါ်လာနေတာကို တွေ့ရပါတယ်......။

https://s9.kh1.co/__image/w=650,h=867,q=100/0e/0ea43683d8582239e9d5357d06b8737aa69f2d61.jpg
Photo credit-Original Uploader

ဒီကနေ့မှာဆိုရင်လည်း ရန်ကုန်မြို့ ကျောက်မြောင်းမြို့နယ်အတွင်းရှိနေအိမ်တစ်ခုဖောက်ထွင်းခံခဲ့ရပြီး သိန်း(၆၀)ခန့်နီးပါး ပါသွားတယ်လို့သိရပါတယ် ။ ဖြစ်စဉ်အရ တစ်အိမ်လုံးကိုမွှေနှောက်သွားတာကြောင့် တစ်ဦးတည်းမဖြစ်နိုင်ဟု ခန့်မှန်းကြတယ်လို့သိရပါတယ် ။ မီးဖိုချောင်ထဲလဲဝင်သွားပြီးရေခဲသေတ္တာ
ပါဖွင့်ပြီးအအေးပါထုပ်သောက်သွားတာလို့ သိရပါတယ် ။ အိမ်ဘေးကနေသံဗန်းတခါးတွေကို ဖြုတ်ပြီးအိမ်ထဲကိုဝင်ကာ ခိုးသွားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/fd/fd85b02a280fb74be26812c23983fb8927eb432d.jpg
Photo credit-Original Uploader
https://s9.kh1.co/__image/w=576,h=768,q=100/8a/8a1647c6d068d07d6d78f30673525ab980d640a7.jpg
Photo credit-Original Uploader

လက်ဝတ်လက်စားတစ်စုံ၊လက်ထပ်လက်စွပ်၊
နားကပ်တစ်ရံ၊Laptop တစ်လုံး၊စုဗူးတစ်လုံးပါသွားပြီး စုစုပေါင် သိန်း (၆၀)ခန့်နီးပါး ပါသွားခဲ့ပါတယ် ။ နေအိမ်ရှိ cctvပျက်နေတာ မပြင်ရသေးဝာာကြောင့်လည်း အခုလိုအလွယ်တကူအခိုးခံလိုက်ရတာလည်း ဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/26/26685c4cb73f2dbdb3caaa40d034655e8e0092de.jpg
Photo credit-Original Uploader

သတင်းအရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်ဆောင်းပါး