ငွေကြေးတစ်စက်မှမကုန်ပဲ ငယ်ရွယ်နုပျိုစေမယ့် နည်းလမ်းများ

//s9.kh1.co/77/77327285100813ce530594bba43ce31fc6dd35b3.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၂-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

နည်းလမ်းလေးတွေကို သိချင်တယ်ဆိုရင်တော့.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ခုလိုကာလမှာ စိတ်ပင်ပန်းစရာတွေများနေတဲ့အတွက် ပရိတ်သတ်ကြီးအနေနဲ့ စိတ်ဖိစီးမှုတွေများနေတတ်ကြမှာပါ။ဒီလိုစိတ်ဖိစီးမှုတွေများလာတဲ့အခါ ကိုယ့်ရှိရင်းစွဲအသက်ထက်ပိုပြီးအသက်ကြီးတယ်လို့ထင်လာရတာတွေ၊ပိုပြီးအိုမင်းရင့်ရော်လာတာတွေဖြစ်လေ့ရှိကြပါတယ်။ဒီအချက်တွေကနေ သက်သာလာအောင်၊ပြန်လည်နုပျိုလာအောင် ငွေကုန်ကြေးကျလုံးဝမရှိတဲ့နည်းလမ်းလေးတွေကိုပြောပြပေးပါရစေ။

၁။နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်းကိုရှောင်ရှားပါ။

ဖြစ်နိုင်ရင် နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့တာအကောင်းဆုံးပါပဲ။နေရောင်ခြည်မှာပါဝင်တဲ့UV Rays တွေဟာ သင့်ကို ပိုမို အိုမင်းရင့်ရော်စေနိုင်ပါတယ်။တကယ်လို့ သင်ဟာနေပူထဲမဖြစ်မနေသွားရတဲ့အခါမှာတော့ လက်ရှည်အပါး (သို့မဟုတ်) ထီး အစရှိသည်တို့ကိုဆောင်သွားပါ။

Photo Credit From Google
Photo Credit From Google

၂။ရေများများသောက်ပါ။

ရေများများသောက်ခြင်းဖြင့် ခန္ဓာကိုယ်ထဲကမကောင်းတဲ့အညစ်အကြေးများကိုစွန့်ထုတ်ပေးနိုင်ပါတယ်။ဒါကြောင့်မို့ တစ်နေ့ကို အနည်းဆုံးရေကို ဖန်ခွက်ကြီး (၈)ခွက်စာသောက်ပေးပါ။

Photo Credit From Google
Photo Credit From Google

၃။အိပ်ရေးဝဝအိပ်စက်အနားယူပါ။

အိပ်ရေးမဝခြင်းဟာလည်း သင့်အသားအရည်ကို ဆိုးရွားစွားထိခိုက်နိုင်ပါတယ်။ဒါကြောင့် အိပ်ရေးဝအောင်အိပ်စက်အနားယူခြင်းဟာ သင့်ကို နုပျိုစေနိုင်တဲ့နည်းလမ်းတွေထဲက တစ်ခုပါပဲ။

Photo Credit From Google
Photo Credit From Google

၄။အာဟာရပြည့်စုံအောင်စားသုံးပေးပါ။

အာဟာရအုပ်စု(၃)မျိုးပြည့်အောင်စားသုံးခြင်းဟာ သင့်ရဲ့ အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။အူလမ်းကြောင်းကျန်းမာခြင်းကြောင့် ခန္ဓာကိုယ်ဟာ အဆိပ်အတောက်ကင်းစင်ပြီး သင့်ကို ကြည်လင်နုပျိုစေပါတယ်။

Photo Credit From Google
Photo Credit From Google

၅။အရက်နဲ့ ကဖင်းဓာတ် ကို လျှော့ပေးပါ။

အရက်နဲ့ ကဖင်းဟာ မိမိရှိရင်းစွဲအသက်ထက်ပိုမိုအိုမင်းရင့်ရော်စေနိုင်ပါတယ်။ဒါ့အပြင် စိတ်ကိုပိုဖိစီးနိုင်တဲ့ဓာတ်သတ္တိတွေပါဝင်တာမို့ သင့်ကို အိုမင်းလာစေတယ်လို့ ခံစားရမှာပါ။ဒါကြောင့် အရက်နဲ့ ကဖင်း ကို လျှော့ချပေးခြင်းဖြင့် သင့်ရှိရင်းစွဲအသက်ထက်ပိုပြီးနုပျိုလာမှာပါ။

ဒီအချက်လေးတွေလိုက်လုပ်ကြည့်ပြီး သင့်ကိုယ်သင် နုပျိုကျန်းမာအောင်ထိန်းသိမ်းကြပါလို့ ပြောပြပေးလိုက်ရပါတယ်။

Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T