သူ့ကိုဦးနှောက်မရှိတဲ့လူလို့ ဝေဖန်ခဲ့တဲ့ နည်းပြရှေ့သွားပြီး ခေါင်းကိုလက်ညှိုးနဲ့ထောက်ပြကာ လှောင်ပြောင်အောင်ပွဲခံခဲ့တဲ့ ဘာလော့တယ်လီ

//s9.kh1.co/ae/ae3108eb5bc94c6c755fd0f01d908e2d627ad93d.jpg
အားကစားသတင်းများ

 ၂၂-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

သူ့ကိုဦးနှောက်မရှိတဲ့လူလို့ ဝေဖန်ခဲ့တဲ့ နည်းပြရှေ့သွားပြီး ခေါင်းကိုလက်ညှိုးနဲ့ထောက်ပြကာ လှောင်ပြောင်အောင်ပွဲခံခဲ့တဲ့ ဘာလော့တယ်လီ

ကန်တိုနာ၊ ဂတ်တူဆိုတို့လို ဂန္တဝင်ဘောလုံးလူဆိုးကြီးတွေလည်းရှိသလို လက်ရှိအချိန်ထိ ဘောလုံးကစားနေကြတဲ့ လူဆိုးကစားသမားတွေလည်း ရှိကြပါတယ်။ အသင်းကို ဆုဖလားတွေ ရရှိအောင် စွမ်းဆောင်ပေးလို့ ပရိသတ်အချစ်တော်ဖြစ်နေတဲ့ ကစားသမားတွေလည်းရှိသလို ပြိုင်ဘက်ကစားသမားတွေကို တမင်လူချကစားတာ၊ညစ်ကစားတာတွေကြောင့် ပရိသတ်အားပေးခံရတဲ့ ကစားသမားတွေလည်း ရှိကြပါတယ်။လက်ရှိကစားနေတဲ့ လူဆိုးကစားသမားကြီးတွေစာရင်းမှာ မိုဗစ်၊ရာမိုစ့်၊ ပီပီ၊ ကော်စတာ၊ ဘာလော့တယ်လီတို့က ထိပ်ဆုံးက ပါဝင်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

မာရီယို ဘာလော့တယ်လီကတော့ လူညစ်ကစားတာအနည်းငယ်ရှိပေမယ့် စိတ်ဆက်ပြီး တစ်ဖက်လူရဲ့စကားကို လုံးဝမနားထောင်ကာ ပြဿနာရှာတတ်တဲ့ လူတစ်ယောက်ဆို ပိုမှန်ပါတယ်။ နည်းပြစကားကိုတောင် နားမထောင်ဘဲ လုပ်ချင်ရာလုပ်လေ့ရှိတဲ့ ဘာလော့တယ်လီကို မုန်းတဲ့လူတွေလည်းရှိသလို ချစ်ခင်ကြတဲ့ လူတွေလည်းရှိကြပါတယ်။ ဘာလောတယ်လီကတော့ မနေ့ညက သူ့ကို" ဦးနှောက်မရှိတဲ့လူ" လို့ ဝေဖန်ခဲ့တဲ့ နည်းပြကိုင်တွယ်နေတဲ့ ဘီဆစ်တပ်အသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါပွဲစဥ်မှာ ဘာလော့တယ်လီက ဘီဆစ်တပ်အသင်းဘက်ကို လှလှပပဂိုးသွင်းယူခဲ့ပြီးနောက် သူ့ကိုဝေဖန်ပြစ်တင်ခဲ့တဲ့ နည်းပြရှေ့သွားပြီး ခေါင်းကိုလက်ညှိုးနှစ်ဖက်နဲ့ထောက်ပြကာ လှောင်ပြောင်အောင်ပွဲခံခဲ့ပါတယ်။ ဝေဖန်ခဲ့သူကို ဂိုးသွင်းပြီး အကောင်းဆုံးဂလဲ့စားချေခဲ့တဲ့ ဘာလော့တယ်လီရဲ့ လုပ်ရပ်ကို ပရိသတ်တွေအများအပြားက သဘောကျနေကြပါတယ်။ သူ့စကားကိုတောင် နားမထောင်ကြောင်း နည်းပြမော်ရင်ဟိုကတောင် အင်တာဗျူးတစ်ခုမှာ ထုတ်ပြောခဲ့ရတဲ့အထိ ဆိုးသွမ်းခဲ့တဲ့ ဘာလော့တယ်လီကတော့ အသက်(၃၁)နှစ်အရွယ်အထိ သူလုပ်ချင်တာကို ဇွတ်လုပ်နေဆဲဖြစ်ပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T