မိမိချစ်သူကို တခြားဘယ်သူမှ အနားမကပ်နိုင်အောင် ကြံကြံဖန်ဖန် ပြုလုပ်ခဲ့ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ ချစ်သူကောင်လေး

//s9.kh1.co/a5/a5d2efa73dab04af53e6145ad26e114ecd448ab4.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကိုယ်သိပ်ချစ်ရတဲ့ချစ်သူကို တခြားသူတစ်ယောက်ဆီ ပါမသွားစေချင်တဲ့ဆန္ဒဟာ အချစ်ကြီးတဲ့ အမျိုးသားတိုင်းမှာရှိတတ်ပါတယ်။ ကိုယ့်ချစ်သူ ကိုယ့်ဘေးမှာ အမြဲရှိနေဖို့ နည်းမျိုးစုံသုံးပြီး ကြိုးစားကောင်းကြိုးစားပါလိမ့်မယ်။ ဒါပေမယ့်ဒီအမျိုးသားကတော့ သူ့ချစ်သူကို ရယ်ရခက်ငိုရခက်ပုံစံနဲ့ သူ့ဘေးမှာအမြဲရှိနေအောင်လုပ်ခဲ့တာပါ။

https://s9.kh1.co/__image/w=306,h=380,q=100/d5/d527aa4f489aca7fac2d1856d7e01a28eb83caa7.jpg
https://s9.kh1.co/__image/w=634,h=444,q=100/5f/5f75977d35f60cb9a71a3329a6e778c66bda145e.jpg

You Pan လို့ခေါ်တဲ့အမျိုးသားဟာ Yan Pai နဲ့ချစ်သူဖြစ်ပြီးနောက်ပိုင်း ဒီလိုလုပ်ခဲ့တာပါ။ ချစ်ဖို့ကောင်းပြီး လှပတဲ့ Yan Pai ဟာ You Pan နဲ့ချစ်သူတွေဖြစ်တုန်းက ပေါင်ချိန် ၅ဝကီလိုသာရှိပါတယ်။ ဒါပေမယ့် You Pan ဟာ သူ့ချစ်သူကို တစ်နေ့ငါးကြိမ်ထမင်းစားစေခဲ့ပြီး တစ်နှစ်အတွင်း ၄ဝကီလိုတက်စေခဲ့ကာ ၉ဝကီလိုထိ၀ိတ်တက်အောင်လုပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=634,h=457,q=100/e0/e0e0b8ee14f5d177e31cef46e677d3a32f83a735.jpg
https://s9.kh1.co/__image/w=634,h=423,q=100/69/693b65d9032a2b2fb746f5e958495f9525c06ac0.jpg

You Pan လိုချင်တဲ့ ဖက်တီးမလေး ဖြစ်ပြီးသွားတဲ့အချိန်မှာတော့ သူဟာ Yan Pai ရဲ့ အကြိုက်ဆုံးစားသောက်ဆိုင်ရှေ့မှာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာ ချစ်သူကို ရွှန်းရွှန်းစားစားကြည့်နေတဲ့ You Pan ကို တွေ့ရမှာပါ။ သူဟာ ဒီကောင်မလေးကိုချစ်ခဲ့ပြီး သူ့အနားမှာပဲထားချင်ခဲ့တဲ့ သူ့လုပ်ရပ်ဟာ ရယ်ရမှာလား၊ ဒေါသထွက်ရမှာလားဆိုတာ မသိနိုင်တော့ပါဘူး။

https://s9.kh1.co/__image/w=634,h=421,q=100/0b/0b5b312ced407576e7d244f67b0b9adaa79d928d.jpg
https://s9.kh1.co/__image/w=634,h=440,q=100/9e/9ecab64d6527fb06714b18eea2c935893be24607.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T