အတိတ်ဘဝအကြောင်းကို အကုန်မှတ်မိပြီး အရင်ဘဝက မိသားစုနဲ့ ပြန်ဆုံနိုင်ခဲ့တဲ့ အမျိုးသမီး

//s9.kh1.co/4a/4ac3509f6de9d4d31f55afbc248f90d08981bee5.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လွန်ခဲ့တဲ့ နှစ်အနည်းလောက်တုန်းက အိန္ဒိယ နိုင်ငံအတွင်းမှာ အတိတ်ဘဝက အကြောင်းအရာတွေကို ပြန်ပြောနိုင်လို့ နာမည်ကြီးခဲ့တဲ့ မိန်းကလေးရှိခဲ့ပါတယ်။

သူမကတော့ Shanti ဖြစ်ပြီး အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ မွေးဖွားခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

Shanti ဟာအသက် ၄ နှစ်အရွယ်လောက်အရောက်မှာ သူမရဲ့အတိတ်ဘဝအကြောင်းကို ပြန်လည်ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=640,h=359,q=100/bb/bb774be6d68712bd41f7a1932df6e5a601479c77.png
https://s9.kh1.co/__image/w=570,h=750,q=100/c8/c812dc8c487c80ca310435d09209de2eb8871800.jpg

Shanti ပြောပြခဲ့တာကတော့ သူမဟာ အရင်ဘဝက Lugdi လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူ့မှာ ခင်ပွန်းယောကျာ်းနဲ့ ကလေးသုံးယောက်ရှိပါတယ်။

သူဟာ မော့တရာ လို့ခေါ်တဲ့ရွာလေးမှာ နေထိုင်ပြီး နောက်ဆုံးကလေးလေးမွေးတဲ့အချိန်မှာ ခံစားရတဲ့ဝေဒနာတွေကြောင့် သေဆုံးခဲ့တယ် ဆိုတာပဲ ဖြစ်ပါတယ်။

သူမပြောပြတာတွေကို မိဘတွေကမယုံချင်ပေမယ့်လည်း Shanti ပြောတဲ့ရွာလေးကို သွားပြီးစုံစမ်းကြည့်တဲ့အခါမှာတော့ ဒီအဖြစ်အပျက်ဟာ အမှန်တကယ် ဖြစ်တယ်ဆိုတာကို သိခဲ့ရပါတယ်။

https://s9.kh1.co/__image/w=390,h=220,q=100/c3/c39aeec41d124d7449b2cb10532e90de4d348e6c.jpg
https://s9.kh1.co/__image/w=182,h=243,q=100/26/26b4fee798ebd2919c2f2045f179c7d0e2cc5d27.jpg

မိဘတွေဟာ Shanti ရဲ့အတိတ်ဘဝက ခင်ပွန်းဖြစ်သူနဲ့ ကလေးတွေကို မျက်မြင်ကိုယ်တိုင်တွေ့မြင်ခဲ့ရပြီး Shanti ကိုယ်တိုင်ကလည်း သူ့ကလေးတွေနဲ့ ခင်ပွန်းရဲ့ နာမည်တွေကအစ မှတ်မိနေခဲ့ပါတယ်။

ဒါ့အပြင် Shanti ဟာ နိုင်ငံအတွင်း မတူညီတဲ့ဘာသာစကားနှစ်ခုကိုလည်း ကောင်းကောင်းနာလည်ခဲ့ပြီး အတိတ်ဘဝနဲ့ ပတ်သတ်တဲ့မေးခွန်းတွေကိုလည်း တိတိကျကျဖြေပေးနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Shanti ရဲ့အကြောင်းဟာ လူသိများလာခဲ့ပြီး တဖြေးဖြေးကမ္ဘာကျော်သွားခဲ့တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=320,h=206,q=100/91/91efccd85c7f385d0dfb1cc525678004942bf50b.jpg
https://s9.kh1.co/__image/w=320,h=241,q=100/62/623a2dbc7f0d8b585d3da9b4ad50ac579d38e7a4.jpg
https://s9.kh1.co/__image/w=211,h=238,q=100/57/577e86898613810a8f1a350b0b3693daa103f967.jpeg

သတင်း အရင်းအမြစ်NAKARAJAN

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T