"DC universe ပရိတ်သတ်ကြီး အတွက် အပျင်းပြေဇာတ်ကား အသစ်အကြောင်း သိပြီးပြီလား"

//s9.kh1.co/a3/a36ab137047e381bf390ff1fd51c6b8499df39fb.jpg
ဖျော်ဖြေရေးများ

 ၀၂-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

Super hero ထဲမှာမှ ပင်ကိုယ် ဘာစွမ်းအားမှမရှိဘဲ တကယ့်အပြောင်အပျက်နဲ့ကြုံသလိုနေတဲ့Harley Quinn ရဲ့ Suicide Sqaud ဇာတ်ကားလေးထွက်လာပါပြီ ။

https://s9.kh1.co/__image/w=650,h=1156,q=100/77/7739ee57d7ab87d5d77e634d0767cfe602b54d2c.jpg

  ဒီဇာတ်လမ်းလေးမှာတော့U.S အစိုးရရဲ့ အရာရှိကြီး အမန်ဒါ​​ဝေါလ်လာ တစ်​ယောက်၊Enchantressနဲ့ ရင်ဆိုင်အပြီးမှာ ​​နောက်ထပ်ကမ္ဘာပျက်မယ့်​ ဘေးအန္တရာယ်ကြီးတစ်ခုအတွက်အ​သေခံ Suicide Sqaud အသစ်တစ်ခုကို ထပ်ပြီးဖွဲ့စည်းရပြန်ပါပြီ။

https://s9.kh1.co/__image/w=650,h=954,q=100/82/82ba22a4838adb4253dfbe73668dda6f4ae9049e.jpg

 အဲ့ဒီအန္တရာယ်က​တော့ တောင်​အမေရိကကျွန်းငယ်နိုင်ငံ​လေးတစ်ခုကိုအုပ်ချုပ်​နေတဲ့လူတစ်စုရဲ့ လက်ထဲကို​ရောက်ရှိ​နေတဲ့၊ Project Starfish လို့​ခေါ်တဲ့ ဒီကမ္ဘာပြင်ပကမျိုးစိတ်တစ်ခုပါအဲ့ဒီမျိုးစိတ်နဲ့သက်ဆိုင်တဲ့ စမ်းသပ်မှုလုပ်ငန်း​တွေကိုအဲ့ဒီကျွန်းနိုင်ငံ​​လေးအထိ သွား​​ရောက်ဖျက်ဆီးရမှာကဇာတ်လိုက်​ကျော် Suicide Sqaud ကြီးရဲ့တာဝန် ဖြစ်လာပါ​​တော့တယ်၊၊

https://s9.kh1.co/__image/w=650,h=1151,q=100/48/48819c23990ff279fa4c7250993b8c550cfe51bd.jpg

 သူတို့​တ​တွေ အောင်​အောင်မြင်မြင်ပဲ ဝင်​ရောက်ဖျက်ဆီးနိုင်မှာလား၊ဘယ်လိုတလွဲတ​ချော်​တွေ ဖြစ်ကြဦးမလဲ၊ ဘယ်​လောက်ထိရယ်ရရဦးမလဲဆိုတာကို DC universe ရဲ့ထုံးစံအတိုင်း သွေးသံတရဲရဲ ခပ်ကြမ်းကြမ်းရိုက်ကွက်တွေနဲ့အပီအပြင်ရိုက်ပြထားတာမလို့ အားပါးတရကြီးကြည့်ရှုခံစားရမှာပါ။ဒါ့အပြင် shark kingရဲ့ ချစ်စရာ ပုံစံလေးကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။Myanmarload ပရိတ်သတ်ကြီးရေဒီဇာတ်ကားလေးကိုကြည့်ပြီး နေ့စဉ်ကြုံရတဲ့ အမောတွေ ခတ္တပြေ‌ပျောက်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

သတင်း အရင်းအမြစ်rogerebert.com

Arkar Soe
Tagaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T