နေပြန်ကောင်းလာတဲ့သူတွေဆီမှာ ကျန်ရှိခဲ့တဲ့ လက္ခဏာရပ်တွေနဲ့ သတိထားလုပ်ဆောင်ပေးရမယ့် အရာတွေကို အကြံပြုပြောပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/b1/b1930f03e9253c2ab135bc28bb5494e214a38a90.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၇-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့ တတိယလှိုင်း ကိုဗစ်ရောဂါမှာ ပြည်သူတွေဟာ ဆိုးဆိုးရွားရွား ခံစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းလောက်က ရောဂါကူးစက်ခံရသူများခဲ့ပြီး သေဆုံးသူအရေအတွက်ကလည်း အဆမတန်မြင့်တက်ခဲ့ပါတယ်။ လတ်တလောမှာတော့ သေဆုံးသူနှုန်းလည်း ကျဆင်းလာခဲ့သလို ပြန်လည်ကောင်းမွန်လာကြတာလည်း တွေ့ရပါတယ်။

Photo Credit - Original Upload 
Photo Credit - Original Upload 
Photo Credit - Original Upload 
Photo Credit - Original Upload 

ယခုတစ်ခါ ကိုဗစ်တတိယလှိုင်းတော့ နိုင်ငံရေးအခြေအနေတွေကြောင့် အရင်လို ကိုဗစ်စင်တာတွေနဲ့ ဆေးရုံ၊ဆေးခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လုံလုံလောက်လောက် မပေးနိုင်တာကြောင့် ပြည်သူတွေဟာ နေအိမ်တွေမှာပဲအတတ်နိုင်ဆုံး ကုသနေကြရတာ ဖြစ်ပါတယ်။ ဒီလိုကုသနေကြရတဲ့ ပြည်သူတွေအတွက် ကျန်းမာရေးအသိပညာရှိတဲ့ သူတွေက လူမှုကွန်ယက်ကနေ တစ်ဆင့် ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ နည်းလမ်းကောင်းလေးတွေကို အကြံပြု ပြန်လည်မျှဝေပေးကြတာ တွေ့ရပါတယ်။ ယခုမှာလည်း ပြည်သူတစ်ဦးရဲ့လူမှုကွန်ယက် ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ သိကောင်းစရာတွေကို မျှဝေလာခဲ့ပါတယ်။

Photo Credit - Original Upload 
Photo Credit - Original Upload 
Photo Credit - Original Upload 
Photo Credit - Original Upload 

ဒါကတော့ ကိုဗစ်ရောဂါဖြစ်ခဲ့တဲ့သူတွေနဲ့ ရာသီတုတ်ကွေးဖြစ်ခဲ့တဲ့သူများ နေပြန်ကောင်းလာတဲ့အခါ ကျန်ရှိတတ်တဲ့ ရောဂါလက္ခဏာတွေကို ပြောပြထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ လက္ခဏာများဖြစ်ပေါ်လာခဲ့ရင်လည်း လုပ်ဆောင်ပေးရမယ့် အရာတွေကို အကြံပြုထားတာ ဖြစ်ပါတယ်။ ဒီလိုသိကောင်းစရာ နည်းလမ်းကောင်းတွေဟာ ပရိသတ်တွေအတွက်လည်း အကျိုးရှိစေမှာဖြစ်လို့ ပြန်လည်ကူးယူပြီးဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=725,q=100/0b/0b6c7a732586a7f538ce09346ac31775835bce23.jpg
Photo Credit - Eiei Khin fb account
Photo Credit - Eiei Khin fb account

သတင်း အရင်းအမြစ်Source - Eiei Khin fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T