ပြည်သူတွေကို ဒုက္ခပေးခဲ့သူတွေ သေဆုံးတာမြင်ရလို့ ပျော်ရွှင်စွာ ကခုန်နေတဲ့ သူငယ်ချင်းတွေကို ရုပ်တည်နဲ့ ဝင်ဆူလိုက်တဲ့ တိုင်းကျော်ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/fa/fab75a20b0906b15a519bae9843e7f1902d85de1.jpeg
အနုပညာရှင်များ

 ២២-កក្កដា-២០២១ ១១ព្រឹក · ៥ ឆ្នាំមុន

.

လူရွှင်တော် တိုင်းကျော်အပါအဝင် ဟားငါးကောင်အဖွဲ့ဝင်များဟာ လွတ်မြောက်နယ်မြေတစ်နေရာတွင်စစ်သင်တန်းတက်ရောက် သင်ကြားနေကြတာ ဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့ကြားကနေ သူတို့ရဲ့ လှုပ်ရှားမှုတွေကိုပြည်သူတွေ သိရှိနိုင်အောင် ပုံလေးတွေ ဝေမျှပေးနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်ကတိုင်းကျော်ရဲ့ လူမှုကွန်ယက်တွင် ဗီဒီယိုဖိုင်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ပြည်သူတွေကို ဒုက္ခပေးခဲ့သူတွေ သေဆုံးတာမြင်ရလို့ ပျော်ရွှင်စွာ ကခုန်နေတဲ့ သူငယ်ချင်းတွေကို ရုပ်တည်နဲ့ ဝင်ဆူလိုက်တဲ့ တိုင်းကျော်ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=344,q=100/8b/8ba74aaebe76f729f88e4e762792ad035b7c35e7.jpeg
https://s9.kh1.co/__image/w=650,h=355,q=100/80/801b676469f6cd6489354b0d7c40a1997208de5e.jpeg

ပြည်ကျော်၊တိုးကျော်၊ပိုးလေး၊ဝိုင်းကျော်တို့ သူငယ်ချင်းတွေဟာ အာဏာရှင်လူတစ်စု နေရာအနှံ့အပြားမှာ ကျဆုံးနေကြတဲ့ သတင်းကိုကြားပြီး ပျော်ရွှင်စွာ ကခုန်နေကြတာ ဖြစ်ပါတယ်။ ဒီလိုကနေတာကို တိုင်းကျော်က မြင်သွားပြီး လူတွေသေနေတာကို ပျော်မြူးစွာ ကနေတဲ့ သူ့သူငယ်ချင်းတွေကို အခုလို မလုပ်သင့်ဘဲ ဒီ့ထက်ပိုပြီး ပျော်ရွှင်စွာ ကခုန်သင့်ကြောင်း ပြောပြီး သူပါလိုက်ကနေခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့ရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ရှုပြီး သဘောတွေ ကျနေကြတာ ဖြစ်ပါတယ်။ 

Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 

ဟားငါးကောင်အဖွဲ့သားများဟာ သူတို့ချစ်ခင်ရတဲ့ မိသားစုဝင်များနဲ့ ခေတ္တစွန့်ခွာပြီး တောထဲမှာ ခက်ခဲပင်ပန်းစွာနေထိုင်နေကြရတာ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြတဲ့ ဟားငါးကောင် အဖွဲ့ဝင်များကို အားလုံးက လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ အရေးတော်ပုံကြီးအောင်မြင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြတဲ့ ဟားငါးကောင်အဖွဲ့သားများရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Taing Kyaw’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T