တောင်ကိုရီးအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Treasureအဖွဲ့၀င် Junghwanတွင် Covid-19 Positive ထွက်ရှိ - Myanmarload

တောင်ကိုရီးအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Treasureအဖွဲ့၀င် Junghwanတွင် Covid-19 Positive ထွက်ရှိ

https://s9.kh1.co/b0/b09ee668a85f5693cf32ceb30cfecb5042186a2e.jpg
ဖျော်ဖြေရေးများ
 16-Jul-2021 4pm · 5 months ago

.

YG Entertainmentရဲ့ Boy groupတစ်ခုဖြစ်တဲ့ Treasureအဖွဲ့၀င် Junghwamဟာ Covid-19ကူးစက်ခံခဲ့ရတယ်လို့သိရပါတယ်။ July 13ရက်နေ့မှာ Treasureအဖွဲ့၀င်တစ်ဦးဖြစ်တဲ့ Doyoungကူးစက်ခံခဲ့ရပြီးနောက် Junghwanဟာ ဒုတိယမြောက်ပိုးတွေ့ရှိခဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=987,q=100/05/05072c568d92085c56eb09f2679a25c637fac242.latest
Photo credit-Google
https://s9.kh1.co/__image/w=650,h=975,q=100/61/61928efabb74866fed0f3f1186f2c8bc075b5e6d.jpg
Photo credit-Google

တခြား Treasureအဖွဲ့၀င်တွေနဲ့ ၀န်ထမ်းကိုစစ်ဆေးခဲ့ရာမှာတော့ Negativeအဖြေထွက်ခဲ့တယ်လို့သိရပါတယ်။ သူဟာ ပထမဆုံးပိုးတွေ့ရှိခဲ့တဲ့ Doyoungနဲ့အတူ စစ်ဆေးခဲ့တုန်းက Negativeအဖြေထွက်ခဲ့ပေမယ့် ဒုတိယကြိမ်မြောက်စစ်ဆေးမှုမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/63/6315f15dc66e4e0e548bd6bd99e9732854c71b26.jpg
Photo credit-Google

YG Entertainmentအနေနဲ့လည်း ဒီထက်ပိုပြီး အနုပညာရှင်တွေနဲ့၀န်ထမ်းတွေရဲ့ ကျန်းမာရေးကို ပိုမိုဦးစားပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ အဖွဲ့၀င်နှစ်ဦးလုံး အမြန်ဆုံးပျောက်ကင်းသက်သာလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=487,q=100/47/47b52e7122f492aa24f8ac9c870ba9f0b9662f59.jpeg
Photo credit-Google

သတင်းအရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်ဆောင်းပါး