မိုးရာသီမှာ အထူးဂရုစိုက်ရမယ့် ငှက်ဖျားရောဂါနှင့် သိသင့်သိထိုက်သောအရာများ - Myanmarload

မိုးရာသီမှာ အထူးဂရုစိုက်ရမယ့် ငှက်ဖျားရောဂါနှင့် သိသင့်သိထိုက်သောအရာများ

https://s9.kh1.co/bb/bbf5c2d073cd5048f7db10520861e19197f52da4.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ
 23-Jun-2021 8pm · 5 months ago

.

ငှက်ဖျားရောဂါအကြောင်းနဲ့ပတ်သတ်လို့ စာဖတ်သူပရိသတ်ကြီးလည်း သိရှိကြပြီးသားဖြစ်မှာပါ။ ငှက်ဖျားရောဂါဆိုတာ ခြင်ကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး ခန့်မှန်ခြေအားဖြင့် နှစ်စဉ်ရောဂါကူးစက်သူဦး‌ေရ သန်း၂၁၀ ရှိပြီး ထို‌ေရာဂါ‌ေကြာင့် သေဆုံးသူဦးရေမှာ ၄၄၀,၀၀၀ ထိရှိပါတယ်။ အဆိုးဆုံးကတော့ ထိုရောဂါကြောင့် ကလေးသူငယ်တွေဟာ အများဆုံးသေဆုံးကြရတာပဲဖြစ်ပါတယ်။ ငှက်ဖျားရောဂါရှိသူအနေနဲ့ ဖျားနာခြင်း၊ အဖျားတက်ခြင်းနှင့် တုန်ခါနေခြင်းတို့ကို ခံစားရပါလိမ့်မယ်။

https://s9.kh1.co/__image/w=650,h=463,q=100/40/406e5a466c2e7f416cc8692244d3dc9bed83a1f4.jpg
Photo Credit-Orginal Upload
https://s9.kh1.co/__image/w=626,h=626,q=100/6b/6b77f20a97469ebd5b64d93f60bce53c12816487.jpg
Photo Credit-Orginal Upload

ငှက်ဖျားရောဂါသည် သွေးမှတစ်ဆင့်ကူးစက်နိုင်ပြီး ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှု၊ သွေးသွင်းခြင်း နှင့် အပ်များကို မျှဝေအသုံးပြုခြင်း သို့မဟုတ် ဆေးထိုးအပ်များကိုအသုံးပြုခြင်းဖြစ်လည်း ရောဂါကူးစက်နိုင်ပါတယ်။ ငှက်ဖျားရောဂါလက္ခဏာများကတော့ ဖျားနေချိန်မှာ အပူချိန်မြင့်မားခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း ပျို့ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ ချွေးများအပြင်းအထန် ထွက်လာခြင်း၊ ကြွက်သားများနာကျင်မှုဖြစ်ခြင်းနှင့် မစင်တွင်သွေးပါနေခြင်းတို့ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=385,q=100/f1/f125fc313b81a33a7435e7dc96b1ecd3145b8403.jpg
Photo Credit-Orginal Upload

သင့်အနေနဲ့ ငှက်ဖျားရောဂါကို ကြိုတင်ကာကွယ်မှုတွေပြုလုပ်ထားရပါမယ်။ ခုလိုမိုးရာသီမှာလည်း ခြင်တွေဟာ ပွားများတက်တာကြောင့် ဂရုစိုက်သင့်ပါတယ်။ ငှက်ဖျားရောဂါအပြင် Covid ရောဂါဟာလည်း ခုချိန်မှာ မျိုးစိတ်သစ်တို့ပြောင်းလဲကာ ကူးစက်မှုတွေရှိ‌ေနတာကြောင့် ပိုမိုသတိထား ဂရုစိုက်သင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=812,q=100/5a/5a31d2a9219c10e3f4532ccb2f1b03a7931f542a.jpg
Photo Credit-Orginal Upload

သတင်းအရင်းအမြစ်Apollo Clinic

Tun Lin Aung
Aung

ဆက်စပ်ဆောင်းပါး