နှာစေး ၊ နှာချေတာကို ပျောက်ကင်းစေမယ့် အိမ်တွင်းကုထုံးလေး

//s9.kh1.co/62/624426569f98c204135649ad872b79aa7711fb03.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၇-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ခန္ဓာကိုယ် အပူ၊အအေးမမျှတဲ့ အချိန်မှာပဲဖြစ်ဖြစ် ၊ နေပူထဲတွေ အထွက်များတဲ့အခါမှာပဲ ဖြစ်ဖြစ်

အအေးမိတဲ့ အခါမှာပဲဖြစ်ဖြစ် နှာစေး ၊ နှာချေတတ်ပါတယ်။

ဒီနှာစေး ၊ နှာချေတာဟာ မပြောပလောက်တဲ့ ​ဝေဒနာတစ်ခုလို့ ဆိုကြပေမယ့် ကြာလာတဲ့အခါ

နှာရည်များ တရွှဲရွှဲကျကာ နှာရည်ပူလောင်ခြင်း၊ ထိတ်ခတ်နာဖြစ်ခြင်း၊ နှာခေါင်း၊ ပါးစပ်နှင့် လည်ချောင်းတို့မှ မကောင်းသော အနံ့များ ထွက်လာတတ်ပါတယ်။

ဒါ့ကြောင့် ပရိသတ်တွေကို နှာစေး ၊ နှာချေတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးလေး တစ်ခုကို ဖော်ပြပေးချင်ပါတယ်။

Photo from google
Photo from google

ဒီကုထုံးလေးပြုလုပ်မယ်ဆိုရင်တော့ ကြံသကာ လက်တစ်ဆစ် ၊ ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ ဆားအနည်းငယ်တို့ လိုအပ်ပါတယ်။

ပထမဆုံးအနေနဲ့ ကြံသကာကို ညက်သွားအောင်ထောင်းပြီး ဒယ်အိုးထဲကိုထည့်ပေးပါ၊ ပီးရင်ညက်အောင်ထောင်းထားတဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်ကိုပါထည့်ပီး သမသွားအောင်မွှေပေးပါ ။ သမသွားပြီဆိုရင်တော့ နောက်ဆုံးအနေနဲ့ ဆားအနည်းငယ်ကိုပါထည့်ပီး မွှေပေးပါ။

Photo from google
Photo from google

မွှေပီးသွားပြီဆိုရင်တော့ ရလာတဲ့အရောအနှောကို ပုလင်းလေးတစ်လုံးထဲ ထည့်ထားပြီး မနက်မိုးလင်းတိုင်း လက်ထဲကိုအနည်းငယ်ထည့်ပီး လျက်ပေးပါ။

သုံးရက်လောက်ဆက်တိုက် လျက်ပေးမယ်ဆိုရင်ပဲ နှာစေး ၊ နှာချေတာကို ပျောက်ကင်းသွားစေနိုင်ပါတယ်။

နောက်ထပ်လည်း ပရိသတ်တွေရဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် သတင်းတွေကို ဖော်ပြပေးဦးမှာမို့လို့ page လေးကို see first လုပ်ထားကြဦးနော်။

Photo from google
Photo from google

သတင်း အရင်းအမြစ်Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T