လှသွေးကြွယ်တဲ့ အဆင်းကာလာနဲ့ ဖီလစ်ပိုင်နိုင်ငံက လှပလှတဲ့ ရှားပါးရောင်စုံသစ်ပင်များ - Myanmarload

လှသွေးကြွယ်တဲ့ အဆင်းကာလာနဲ့ ဖီလစ်ပိုင်နိုင်ငံက လှပလှတဲ့ ရှားပါးရောင်စုံသစ်ပင်များ

https://s9.kh1.co/bb/bb936ad83f0cb1703cddc4438bc90afe329200c7.jpeg
ဗဟုသုတအဖြာဖြာ
 21-Feb-2021 5pm · 10 months ago

.

ကမ္ဘာပေါ်မှာရှိတဲ့ ထူးထူးဆန်းဆန်းအကြောင်းအရာတွေများစွာထဲမှာမှ ပရိသတ်တွေအတွက် ဖီလစ်ပိုင်နိုင်ငံက ရောင်စုံသစ်ပင်တွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဒီရှားပါး ရောင်စုံသစ်ပင်တွေဟာ Rainbow Eucalyptus ခေါ် Eucalyptus Deglupta မျိုးစိတ်ထဲကဖြစ်ပီး ဖိလစ်ပိုင်နိုင်ငံမှာ မကြာခဏတွေ့နိုင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=201,h=251,q=100/31/314e2b0960fd62b72a32cb71f20c4ef7f06b9c66.jpeg
Photo from google

ဒီသစ်ပင်တွေဟာ အမြင့်ပေ၂၅၀ ပေအထိ ရှည်လျားကြီးထွားနိုင်ကြပြီး တော်တော်လေးလည်းလှပါတယ်။ဒီအပင်ရဲ့ ပင်စည်ဟာ ရောင်စုံကာလာရှိပြီး တစ်နှစ်တစ်ခါ ကွာကျတတ်ပါတယ်။ဒါ့အပြင် ပင်စည်ရဲ့အသားဟာ နူးညံ့ပြီးအဖတ်ကလေးတွေလိုဖြစ်နေတတ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/bb/bb936ad83f0cb1703cddc4438bc90afe329200c7.jpeg
Photo from google
https://s9.kh1.co/__image/w=310,h=162,q=100/bf/bf690ad593028fdbebde91ab4ccc1549f1a1865c.jpeg
Photo from google

ပင်စည်ဟာ တစ်နှစ်တစ်ခါ ကွာကျပြီးနောက် အတွင်းသားကို အစိမ်းရောင်တောက်တောက်အနေနဲ့ မြင်ရမှာဖြစ်ပြီး သိပ်မကြာခင်အချိန်မှာ တခြားအရောင်ပါပေါ်လာပြီး ရောင်စုံပင်စည်အသစ်ဖြစ်သွားတတ်တယ်လို့ သိရပါတယ်။

ဒီသစ်ပင်တွေကို ဖိလစ်ပိုင်နိုင်ငံ Mindanaoအရပ်မှာ တွေ့ရှိနိုင်ပေမယ့် ယခုဆိုရင်တော့ Hawaii, California, Texas, နဲ့ Florida အစရှိတဲ့နေရာတွေမှာ တွေ့ရှိနိုင်တယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=183,h=275,q=100/e8/e8a74b94f8b4431b8f8a325a54567af1857eee69.jpeg
Photo from google
https://s9.kh1.co/__image/w=201,h=251,q=100/75/7516402d19a13a7ef3c428981a34f1959639cc71.jpeg
Photo from google

သတင်းအရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်ဆောင်းပါး