Dota 2 Legend ကြီးတစ်ယောက်ဖြစ်တဲ့ Dendi ကတော့ 2021 ခုနှစ်အစမှာ သူ့ရဲ့အသင်းဖြစ်တဲ့ B8 ရဲ့ roster ကိုအကောင်းဆုံး ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။
B8 ဟာ 2020 ခုနှစ် 12 လပိုင်း 7 ရက်နေ့မှာ အသင်းရဲ့ carry player ဖြစ်သူ Crystallis နဲ့ po 5 player ဖြစ်သူ Fishman တို့အသင်းက ထွက်ခွာသွားပြီးနောက်မှာ qualifier တွေကိုတောင် ဝင်ပြိုင်ခြင်း မရှိတော့ဘူး။
အဲ့ဒီနောက် မနေ့က 2021 ခုနှစ် 1 လပိုင်း 2 ရက်နေ့မှာတော့ offlaner ဖြစ်သူ LastHero ကပါ အသင်းကနေထွက်ခွာသွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သူတို့နေရာမှာ Rdo, Sexyfat နဲ့ Duster တို့ကို ခေါ်ယူခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ဒါ့ကြောင့် B8 ရဲ့ လက်ရှိ roster အပြည့်အစုံကတော့
Po 1- Rdo
Po 3- Dendi
Po 3- Sexyfat
Po 4- 5up
Po 5- Duster
တို့ပဲ ဖြစ်ပါတယ်။
B8 အနေနဲ့ ဒီ roster အသစ်နဲ့အတူ နှစ်သစ်မှာ ကောင်းမွန်တဲ့ ရလာဒ်တွေ ပိုင်ဆိုင်သွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။
သတင်း အရင်းအမြစ်៖ B8 facebook page