ဖျက်သိမ်းသွားပြီဖြစ်တဲ့ CIS က Dota 2 Superteam “Just Error”

//s9.kh1.co/31/311de9b761d4197f125ac05a4705f4f76f86c147.jpg
အားကစားသတင်းများ

 ၁၅-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

photo from google
photo from google

CIS က Dota 2 superteam လို့လူအများက သတ်မှတ်ထားကြတဲ့ Just Error ကတော့ EPIC League အပြီးမှာပဲ disband ပြုလုပ်သွားခဲ့ပြီပဲဖြစ်ပါတယ်။

ဒီအသင်းနဲ့ပတ်သတ်ပြီး တော်တော်လေး မျှော်လင့်ကြထားပေမယ့် အသင်းဖွဲ့စည်းတာမကြာသေးတာရော Sumail ရဲ့ Ping ပြသနာတွေကြောင့်ရော Epic League မှာထင်သလောက် performance တွေမပြသနိုင်ခဲ့ပါဘူး။

ဒါ့အပြင် Just Error ကို Europe က esports organization ကြီးတစ်ခုက ခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပေမယ့်လည်း Just Error ကတော့ Disband ပြုလုပ်သွားခဲ့ပြီပဲဖြစ်ပါတယ်။

Disband ပြုလုပ်သွားတဲ့ Just Error ရဲ့ roster ကတော့

Po 1 – Ramzes666

Po 2 – Sumail

Po 3 – Noone

Po 4 – Zayac

Po 5 – Solo

တို့ပဲဖြစ်ပါတယ်။

Just Error ရဲ့ player ဟောင်းဖြစ်သူ Ramzes ရဲ့ပြောကြားချက်အရတော့ အသင်းက players တွေအားလုံးဟာ မိမိကိုကိုယ်နဲ့ အသင်းဖော်တွေအပေါ် 100% ယုံကြည်မှုအပြည့်မရှိတဲ့အချိန်မှာ စာချုပ်တွေချုပ်ပြီး မလိုလားအပ်တဲ့အခြေအနေတွေနဲ့ organization အသစ်ကို စိတ်ပျက်အောင်မလုပ်ချင်ပါဘူ။ဒါ့ကြောင့် ငါတို့ရဲ့ အသင်းကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ လို့သိရပါတယ်။

Just Error က players တွေအားလုံးဟာ performance ပိုင်းရော Individual skill ပိုင်းရော ကောင်းမွန်တဲ့ Players တွေဖြစ်တာကြောင့် မကြာခင်မှာ အသင်းသစ်တစ်သင်းနဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီ players တွေအားလုံးပြန်စုပြီးတော့ပဲဖြစ်ဖြစ် အမြန်ဆုံး ပြန်လည်ထွက်ပေါ်လာဖို့တော့ မျှော်လင့်ရတာပါပဲ။

သတင်း အရင်းအမြစ်Ramzes twitter

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T