ဖခင်ဖြစ်သူနဲ့အတူ လေ့ကျင့်ရေးလုပ်ချင်နေပြီး လက်ကလေးနှစ်ဖက် ဟန်ပြလုပ်ကာ ပို့စ်ပေးတတ်နေတဲ့ အောင်လအန်ဆန် ရဲ့သမီးလေး

//s9.kh1.co/29/29b2356d63b6caa36ac2d0b95fcc07fc52698e40.jpg
အားကစားသတင်းများ

 ၀၈-ဒီ-၂၀၂၀ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ နိုင်ငံအလယ်မှာ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အောင်လအန်ဆန် ကတော့ အောင်မြင်မှုတွေကို ရရှိထားနိုင်ခဲ့သူပဲ ဖြစ်ပါတယ်။ အောင်လအန်ဆန် က နိုင်ငံခြားသူလေးနဲ့ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်စရာကောင်းတဲ့ သားလေးအောင်ဒီးနဲ့ သမီးလေး အန့်ဆိုင်းနှစ်ယောက်ကလည်း ဖေဖေမေမေတို့အပြင် အောင်လအန်ဆန်ကို အားပေးကြတဲ့ ပရိသတ်တွေကလည်း ချစ်နေရတာဖြစ်ပါတယ်။

photo credit- aung la nsang(burmese python) ' s facebook page
photo credit- aung la nsang(burmese python) ' s facebook page
photo credit- aung la nsang(burmese python) ' s facebook page
photo credit- aung la nsang(burmese python) ' s facebook page

အောင်လအန်ဆန် ကတော့ သူဝါသနာပါရာ အားကစားကို ယုံကြည်မှုရှိရှိ လုပ်ဆောင်နေသလို သူ့ရဲ့ မိသားစုလေးကို အချိန်ပြည့်ဂရုစိုက်ပြီး ပျော်ရွှင်မှုလေးတွေကိုလည်း ဖန်တီးပေးကာ တာဝန်ကျေတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ မိသားစုလေးကိုလည်း ပရိသတ်တွေချစ်အားပိုအောင် လှုပ်ရှားမှု့လေးတွေ ဖော်ပြပေးပါတယ်။ ယခုမှာတော့ အောင်လန်အန်ဆန်က သူ့ရဲ့အဖွဲ့သားတွေနဲ့ လေ့ကျင့်ရေးပြုလုပ်နေရင်း သမီးလေးအန့်ဆိုင်းရဲ့ ချစ်စရာအပြုအမူလေးကို ဖော်ပြလာခဲ့ပါတယ်။

photo credit- aung la nsang(burmese python) ' s facebook page
photo credit- aung la nsang(burmese python) ' s facebook page
photo credit- aung la nsang(burmese python) ' s facebook page
photo credit- aung la nsang(burmese python) ' s facebook page

ဒီပုံလေးနဲ့လည်း အောင်လအန်ဆန် က " သောကြာနေ့ညမှာပြုလုပ်တဲ့၊ခွန်အားနဲ့ကြံခိုင်မှုအတွက်လေ့ကျင့်ခန်းတွေမှာ၊သမီးလေးဆန့်ဆိုင်းကကျွန်တော်တို့နဲ့ အတူပူးပေါင်းလေ့ကျင့်ချင်နေပါတယ်"ဆိုပြီး ရေးသားထားပါတယ်။ သမီးလေး အန့်ဆိုင်းက ဖခင်လေ့ကျင့်ရေးလုပ်နေသလို အရှေ့ကနေပြီး လက်ကလေးဟန်ပြလုပ်နေတာကတော့ ချစ်စရာကောင်းလောက်ပါတယ်။ ကဲ...ပရိသတ်ကြီးရေ ဖခင်နဲ့အတူ လေ့ကျင့်ချင်နေတဲ့ သမီးအန့်ဆိုင်းရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source- aung la nsang(burmese python) ' s facebook page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T