Ti 5 duo အတွဲတွေက တစ်တွဲဖြစ်တဲ့ Fear နဲ့ ppd တို့ကတော့ အတူတွဲပြီး အသင်းသစ်တစ်သင်းကို စတင်ဖွဲ့စည်းခဲ့ပြီပဲ ဖြစ်ပါတယ်။
သူတို့ရဲ့အသင်းသစ်နာမည်ကတော့ Sadboys ဖြစ်ပြီး BTS Pro Series Season 4 Americas ပြိုင်ပွဲကို စတင်ယှဥ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။
Sadboys ဟာ ဒီပြိုင်ပွဲကို open qualifier ကနေဆော့စရာမလိုပဲ 4fun ရဲ့နေရာမှာအစားထိုးပီး main events ကနေစတင်ကစားဖို့ direct invite ရရှိထားပါတယ်။
Sadboys ရဲ့ roster အပြည့်အစုံကတော့
Po 1- Fear
Po 2- dnm
Po 3- Moo
Po 4- Sneyking
Po 5- ppd
တို့ပဲဖြစ်ပါတယ်။
Fear နဲ့ ppd တို့နှစ်ယောက်လုံးဟာ dota 2 competitive scene ကနေအနားယူကြောင်း ကြေညာထားတဲ့ players တွေဖြစ်ပီး အခုလိုနှစ်ယောက်တွဲပြီး ပြန်လည်ထွက်ပေါ်လာတာက စိတ်ဝင်စားစရာပါပဲ။
ဒါ့အပြင် Fear တို့အသင်းမှာပါလာတဲ့ po 2 player "dnm" ဆိုတာဟာ အသက် 17 နှစ်သာရှိသေးပြီး rank လည်းတော်တော်မြင်တဲ့ player တစ်ယောက်ပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် Sadboys ရဲ့ roster နဲ့ ဘယ်လို performance တွေပြသနိုင်မလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေတာ အသေအချာပါပဲ။
သတင်း အရင်းအမြစ်៖ Beyond the Summit twitter