Firefly squid လို့ လူသိများတဲ့ Watasenia scintillans ပြည်ကြီးငါးကတော့ ဂျပန်လို hotaru-ika လို့ခေါ်ပြီး ဂျပန်နိုင်ငံမှာ ကျယ်ပြန့်စွာ တွေ့ရတဲ့ ပြည်ကြီးငါးမျိုးစိတ် တစ်ခုပဲ ဖြစ်ပါတယ်။ Watasenia မျိုးစိတ်က တစ်ခုတည်းကျန်တဲ့ ပြည်ကြီးငါးမျိုးစိတ် ဖြစ်ပြီး ရေနက်ပိုင်းမှာ ခန္ဓာကိုယ်မှ အလင်းရောင် တောက်ပနေတတ်ပါတယ်။ အများအားဖြင့် မီတာ ၂၀၀ မှ ၄၀၀ ကြား ( ပေ ၇၀၀ မှ ၁၃၀၀ ပေကြား ) ရေအနက်မှာ တွေ့ရလေ့ရှိပြီး နွေဦးပေါက်ရာသီတွေမှာတော့ ဂျပန်ကမ်းရိုးတန်း တစ်လျှောက်မှာ တွေ့ရှိနိုင်ပါတယ်။
ပိုးစုန်းကြူးပြည်ကြီးငါးတွေဟာ ရှားရှားပါးပါး ဇီဝထွန်းလင်းတောက်ပတဲ့ သက်ရှိတို့ ဖြစ်ပြီး သူတို့ရဲ့ အပြာရောင် စူးရှတဲ့ အလင်းကို ဘယ်အတွက် အသုံးပြုလဲဆိုတာတော့ သိပ္ပံပညာအသိုင်းအဝိုင်းမှာ လေ့လာနေဆဲပဲ ဖြစ်ပါတယ်။ အသားစား သတ္တဝါဖြစ်ပြီး ကျောရိုးမဲ့ ရေနေသတ္တဝါငယ်များ ၊ Plankton ၊ အခြားပြည်ကြီးငါးငယ် နဲ့ ငါးငယ်တို့ကို စားသုံးကြပါတယ်။ ပျမ်းမျှဘဝသက်တမ်းမှာ တစ်နှစ် ဖြစ်ပြီး သူတို့ရဲ့ သက်တမ်းအဆုံးမှာတော့ Firefly ပြည်ကြီးငါးအမတွေဟာ သူတို့ရဲ့ ဥတွေကို စစ်ထုတ်ခဲ့ပြီးနောက် ကမ်းစပ်မှာ အနားယူနေတတ်ပါတယ်။
ဒီလို ရာသီတစ်ခု ကုန်တိုင်းမှာ ပိုးစုန်းကြူးပြည်ကြီးငါး အများအပြား ကမ်းပေါ်တင်နေတာဟာ ဂျပန်ငါးဖမ်းသမားတို့အတွက် အကျိူးအမြတ်များတဲ့ ကာလတစ်ခုဖြစ်ပြီး သေဆုံးနေတဲ့ ပြည်ကြီးငါးတွေကို ကမ်းစပ် ၊ ပင်လယ်အော်ဘက်မှာ သွားဖမ်းယူလေ့ ရှိပါတယ်။ ဒါကြောင့် ပိုးစုန်းကြူးပြည်ကြီးငါး သားပေါက်တွေဟာ အကောင်ကြီးတွေ သေဆုံးပြီး ဖေဖော်ဝါရီလ မှ ဇူလိုင်လအတွင်းမှာ ပြန်လည်ပေါက်ဖွားကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ဂျပန်နိုင်ငံမှာ firefly ပြည်ကြီးငါးတွေကို စီးပွားဖြစ် အဖြစ် များစွာဖမ်းဆီးလျက်ရှိပြီး ဇိမ်ခံဟင်းပွဲတွေမှာ ကျယ်ပြန့်စွာ အသုံးပြုလျက် ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း အသစ်တဖန် ပေါက်ဖွားနေတာကြောင့် ပိုးစုန်းကြူးပြည်ကြီးငါးတွေဟာ မျိုးသုန်းပျောက်ကွယ်မယ့် အန္တာရာယ်တော့ မရှိပါဘူး။