ကမ္ဘာပေါ်က အငန်ဆုံးရေ နဲ့ ရေနံ ရှိတဲ့ ထူးထူးခြားခြား ပင်လယ်နီ

//s9.kh1.co/fe/fe14539da4984b2325c3688f8a251750288377c5.jpg
MPT

 ၀၉-မေ-၂၀၂၄ ၇am · လွန်ခဲ့သော ၁၁ ရက် က

ကမ္ဘာပေါ်က အငန်ဆုံးရေ နဲ့ ရေနံ ရှိတဲ့ ထူးထူးခြားခြား ပင်လယ်နီ

ပင်လယ်နီလို့ ခေါ်တဲ့ မြစ်စီးကြောင်းကြီးကတော့ အာဖရိက နဲ့ အာရှကြားမှာ တည်ရှိပြီး အိန္ဒိယသမုဒ္ဒရာထဲကို စီးဝင်တဲ့ မြစ်မဟုတ်သော မြစ်တစ်စင်းပဲ ဖြစ်ပါတယ်။ ရေလက်ကြား ၊ ပင်လယ်ကွေ့ ပတ်ပတ်လည် ဝန်းရံနေတဲ့ Sea Red ဟာ ပျမ်းမျှအားဖြင့် ၄၃၈၀၀၀ ကီလိုမီတာ ( ၁၆၉၀၀၀ စတုရန်းမိုင် ) ကျယ်ဝန်းပြီး အရှည်ကတော့ ၂၂၅၀ ကီလိုမီတာ ( ၁၄၀၀ မိုင် ) ရှည်လျားတာကြောင့် အလယ်အလတ်ကြီးတဲ့ မြစ်တစ်ခုပဲ ဖြစ်ပါတယ်။ Sea Red ရဲ့ အနက်ဆုံး ရေပိုင်းဖြစ်တဲ့ အလယ်ပိုင်းကတော့ အနက်ဆုံးမီတာ ၃၀၄၀ မီတာ ( ၉၉၇၀ ပေ ) နက်တာကြောင့် အတော်ကို နက်တဲ့ ချောက်တစ်ခုလို ဖြစ်နေပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/0a/0ada3584e6d73b43985919276bcaa8745e04d638.jpg

ပင်လယ်နီဟာ ကမ္ဘာ့မြောက်ဘက်အကျဆုံး အပူပိုင်း ပင်လယ်ပြင်တစ်ခု ဖြစ်ပြီး ထုံးဓာတ်များတဲ့ အပိုင်းတွေမှာ သန္တာကျောက်တန်း ၊ ကျောက်တုံး ၊ ကျောက်တန်းများ ဖြစ်ပေါ်နေပါတယ်။ ဒါအပြင် Red sea ဟာ ကမ္ဘာလုံးဆိုင်ရာ ecoregion နယ်မြေထဲမှာ အဆင့် ၂၀၀ မြောက် နယ်မြေတစ်ခုပဲ ဖြစ်ပါတယ်။ မိုးနည်း‌တဲ့မြေ ၊ ကန္တာရကြားမှာ ရှိတဲ့ ပင်လယ်နီဟာ ဆားငန်ဓာတ်လည်း အတော်ကို ကြွယ်ဝပြီး ကမ္ဘာပေါ်က အငန်ဆုံး ရေရှိတဲ့ နေရာထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒါအပြင် ကျောရိုးမဲ့ရေနေသတ္တဝါ မျိုးစိတ်ပေါင်း ၁၀၀၀ ကျော် နဲ့ မာကျောတဲ့ သန္တာငါး အမျိုးအစားပေါင်း ၂၀၀ ကျော်က ဒီပင်လယ်နီထဲမှာ ရှင်သန်နေထိုင်နိုင်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/b1/b1cde78f94689df17ba830a7529894571ff9e2f9.jpg

ပင်လယ်နီကို ရှေးခေတ်အီဂျစ် ကုန်သွယ်မှုမှာ လူသိများတဲ့ Punt မြို့သို့ ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများ လွယ်ကူစေရန် စူးစမ်း ရှာဖွေခဲ့ကြပြီး ၂၀ ရာစုအထိ ပင်လယ်နီဟာ အာဖရိက မှ အရှေ့အလယ်ပိုင်းကို ကျွန်ကုန်သယ်မှုရဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်ခဲ့ပါတယ်။ ပူပြင်းလွန်းတာကြောင့် ပင်လယ်နီဒေသဟာ ‌ရေနံလည်း ထွက်ပါသေးတယ်။ လက်ရှိမှာတော့ ပင်လယ်နီ ကမ်းရိုးတန်းတစ်လျှောက် မြို့များ တည်ထောင်ထားပြီး ခန့်မှန်းချေ မြို့ပေါင်း ၃၀ ကျော် ရှိနေပြီပဲ ဖြစ်ပါတယ်။ လူတွေနဲ့ ၁၀၀ ရာခိုင်နှုန်း ဓာတ်မတည့်ပေမယ့် လူတွေအတွက် ကုန်သွယ်ရေး ၊ စီးပွားရေးတို့မှာ အကောင်းဆုံး အသုံးချနိုင်တာကြောင့် ထိန်းသိမ်းရမယ့် ပင်လယ်မြစ် တစ်စင်းပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/cd/cd11cb214dc1295445f5cb9fbd35802ffb9f2aa5.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T