မှိုနံ့နံနေတဲ့အထည်တွေကို သန့်ရှင်းသွားစေမယ့်နည်းလမ်းများ

//s9.kh1.co/a1/a1ab37258b90ecfb50750437ee927acdaacc1c3e.jpg
MPT Lifestyle

 ၀၈-မေ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၂ ရက် က

မှိုနံ့နံနေတဲ့အထည်တွေကို သန့်ရှင်းသွားစေမယ့်နည်းလမ်းများ

အဝတ်မခြောက်တာ ဒါမှမဟုတ် သိမ်းဆည်းတာအဆင်မပြေရင် မှိုနံ့တွေထွက်နေတတ်ပါတယ်။ မှိုနံ့မပြင်းထန်တဲ့အခြေအနေမှာဆိုရင်တော့ အဝတ်လျှော်စက်မှာပါတဲ့ ရေပူနှင့် လျှော်ဖွပ်ခြင်းက အတော်အသင့်ပျောက်ကင်းစေပါတယ်။ မှိုအများစုဟာရေအပူချိန် ၁၄၀လောက်ဆိုသေဆုံးတတ်ကြတာကြောင့် ရေပူနှင့်လျှော်ခြင်းကသဘာဝနည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=360,q=100/62/62d25b4658f782356636f78210f0424dec89c6b0.jpg

တစ်ချို့အဝတ်တွေကိုတော့ နေရောင်အောက်မှာ ပုံမှန်ထက်အနည်းငယ်ကြာအောင် လှန်းပေးရုံနဲ့တင် မှိုနံ့ပျောက်ကင်းနိုင်ပါတယ်။ အကြောင်းကတော့နေရောင်ခြည်ဟာ သဘာဝတရားရဲ့မှိုတိုက်ဖျက်ရေးလက်နက်တစ်ခုဖြစ်နေတာကြောင့် ဖြစ်ပါတယ်။ အိမ်သုံးပစ္စည်းဖြစ်တဲ့ Baking Soda နှင့် ရှောက်ရည်တို့ကို အတူတူတွဲပြီး အသုံးပြုခြင်းကလည်း မှိုနံ့ကိုပျောက်ကင်းစေပါတယ်။ ပြီးတော့ လက်ဖက်စိမ်းအဆီကလည်း မှိုတွေကိုဖယ်ရှားနိုင်တဲ့အစွမ်းရှိတာကြောင့် သူ့ကိုလည်းပဲ အသုံးပြုနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=375,q=100/e1/e179e3bad4ec1f28cbf76c070cb1ce742c00cd3c.jpg

တစ်ကယ်လို့ အဝတ်အစားဟာ အတော်လေးနံနေတဲ့အပြင်  မှိုစွဲတဲ့ပမာဏလဲများနေမယ်ဆိုရင်တော့ မှိုချွတ်ဆေးလိုမျိူး ဓာတုပစ္စည်းတွေကိုအသုံးပြုနိုင်ပါတယ်။ ဒါပေမဲ ဒီလိုအသုံးပြုခြင်းက အဝတ်အထည်တွေရဲ့အရည်အသွေးကိုလျော့ကျစေမဲ့အပြင် အရောင်အဆင်းတောက်ပမှုကိုပါထိခိုက်စေနိုင်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T