ကျန်းမာတဲ့အသားအရေပိုင်ဆိုင်ဖို့အတွက် အခြေခံလျှို့ဝှက်ချက် ငါးချက်

//s9.kh1.co/58/589f4560a926766dd8dfc7c663e36742581bcaa6.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၀-မတ်-၂၀၂၄ ၁၀am · လွန်ခဲ့သော တစ်လ က

ကျန်းမာတဲ့အသားအရေပိုင်ဆိုင်ဖို့အတွက် အခြေခံလျှို့ဝှက်ချက် ငါးချက်

(၁) အသားအရေနှင့်ကိုက်ညီပြီး အဆင်ပြေတဲ့ Skin Care တွေသုံးစွဲခြင်းဟာ အသားအရေကျန်းမာရေးရဲ့နံပါတ်တစ်အခြေခံအချက်ပါ။ ကျန်းမာတဲ့အသားအရေဆိုတာ သဘာဝပစ္စည်းတွေနှင့်တင် ဖန်တီးလို့မရနိုင်တဲ့အရာဖြစ်ပါတယ်။

(၂) ရေများများသောက်ခြင်းကလည်း လူတိုင်းသိတဲ့အခြေခံအချက်ပါ။ ရေဓာတ်ပြည့်ဝခြင်းက အသားအရေပြဿနာအများစုကိုကင်းဝေးစေနိုင်သလို အသားအရေလှဖို့အတွက်လည်းအထောက်အကူအများကြီးဖြစ်စေပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/12/12b68ee32c449d0cb2442c075ce1453a187e62ff.jpg

(၃) အိပ်ရေးဝဝအိပ်စက်ခြင်းက အသားအရေကိုသာမက တစ်ခြားကျန်းမာရေးကိစ္စတွေကိုပါ ဖြေရှင်းပေးနိုင်ပါတယ်။ ကျန်းမာတဲ့အသားအရေကိုပိုင်ဆိုင်ဖို့က အိပ်ရေးဝခြင်းက အဓိကအကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။ 

(၄) ပတ်ဝန်းကျင်အခြေအနေကလည်း အသားအ‌ရေကျန်းမာရေးမှာအရေးပါပါတယ်။ အထူးသဖြင့် နေပူထဲမကြာခဏထွက်တာ အကာအကွယ်မပါဘဲနေပူထဲအချိန်အတော်ကြာနေမိတာတွေဟာ မျက်နှာအသားအရေကိုဆိုးဆိုးဝါးဝါးပျက်စီးစေနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=353,q=100/fc/fc38024802d7c93c1380b717b1f350be8828cfe5.jpg

(၅) ထိတွေ့ကိုင်တွယ်မှုကလည်း အသားအရေကျန်းမာရေးအတွက်အရေးကြီးတဲ့အကြောင်းအရာပါ။ မျက်နှာကိုလှချင်ဇောနှင့် ပြင်းထန်တဲ့အလှကုန်တွေသုံးတာ စိတ်မရှည်ဖြစ်ပြီး ဖြတ်လမ်းနည်းလိုက်တာတွေဟာ အသားအရေကိုရေရှည်မှာလုံးဝပျက်စီးသွားစေနိုင်တဲ့အရာတွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=973,q=100/35/35106b0ad0b4d40d1787370eaa2e84135c8638fd.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T