အဝတ်ဗီရိုတစ်ခုကို သပ်ရပ်အောင်ဘယ်လိုစီမံမလဲ

//s9.kh1.co/c1/c188a43cbb37dd5aa13ce652b936d3787721300a.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-မတ်-၂၀၂၄ ၃pm · လွန်ခဲ့သော ၂ လ က

အဝတ်ဗီရိုတစ်ခုကို သပ်ရပ်အောင်ဘယ်လိုဖန်တီးမလဲ

https://s9.kh1.co/__image/w=564,h=752,q=100/c4/c4e193e69d13703d8c66f8d6deec2c19d46e6304.jpg

အဝတ်အစားတွေကို ကိုယ်ဝတ်ဆင်ချင်တဲ့အချိန်အလွယ်တကူယူနိုင်ဖို့နှင့် စနစ်တကျဖြစ်စေဖို့ဆိုရင် အခုလိုမျိုးအမျိုးအစားတူအထည်တွေကိုသီးသန့်ခွဲထားသင့်ပါတယ်။ ဂျင်းဘောင်းဘီနှင့်တစ်ခြားဘောင်းဘီအရှည်တွေကိုအခုလိုမျိုးထည့်ထားပြီး အဆင်ပြေအောင်ခွဲထားလို့ရပါတယ်။

https://s9.kh1.co/__image/w=564,h=1003,q=100/20/201a7d807790f516c7123c1c0980781383c1f4a0.jpg

နေ့စဥ်နီးပါးဝတ်ဖြစ်တဲ့အဝတ်တွေနှင့် တစ်ချို့အပေါ်ဝတ်တွေကို တန်းတစ်ခုထဲမှာသီးသန့်ထားထားခြင်းက သိမ်းဆည်းရလွယ်ကူစေသလို လိုအပ်တဲ့အချိန်လည်းအလွယ်တကူယူဖို့အဆင်ပြေစေပါတယ်။  ဖိနပ်တွေကိုလည်း စီးနေကျဖိနပ်တွေနှင့်တစ်ခါတစ်ရံမှထုတ်စီးဖြစ်တာတွေကို ခွဲခြားထားမယ်ဆိုရင် အဆင်ပြေမှာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=866,q=100/06/063cc50d023a9ab7d36db1d21466746b80b2fb31.jpg

လျှာဦးထုပ်အပါအဝင် တစ်ခြားဦးထုပ်တွေကိုလည်း ပုံးထဲမှာရောပြီးထည့်လိုက်တာမျိုးထက် အခုလိုမျိုးစနစ်တကျလေးခွဲထားပြီးထည့်ထားရင် ပိုအဆင်ပြေမှာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=752,q=100/c1/c14667938d69d94c651a1dbc6062b204c43b4b98.jpg

အဝတ်တွေကို အရောင်အလိုက်ခွဲခြားထားရင်လည်း ရှာတဲ့အခါအလွယ်တကူတွေ့နိုင်မှာဖြစ်ပါတယ်။ အဝတ်အထည်ရဲ့အသားအလိုက် တွန့်ကြေမှုနည်းတဲ့အဝတ်တွေကို ချိတ်ထားတာ တစ်ခြားအဝတ်တွေကို ခေါက်တာမျိုးလုပ်နိုင်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=626,q=100/1f/1f71c57fd1d1741e97db542ece0ebee2cb6e4018.jpg

သီးသန့်ပွဲလမ်းသဘင်နှင့် အခမ်းအနားတွေမှာဝတ်မယ့်အဝတ်တွေကို ဖယ်ထားပြီးတော့ သီးသန့်သိမ်းပေးထားရပါမယ်။ ဒီလိုခွဲထားခြင်းက အဝတ်တွေကိုပိုပြီးသပ်ရပ်အောင်လုပ်ပေးနိုင်သလို လိုအပ်လာရင်မြန်မြန်ဆန်ဆန်ရှာတွေ့အောင်ပါကူညီပေးနိုင်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T