အဆင်မပြေတဲ့ဆက်ဆံရေးတွေကို ကိုင်တွယ်ဖြေရှင်းနည်း

//s9.kh1.co/e4/e4453538530eeb05fecbb7f5da9e3c522a13cb5d.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-မတ်-၂၀၂၄ ၁၁am · လွန်ခဲ့သော တစ်လ က

အဆင်မပြေတဲ့ဆက်ဆံရေးတွေကို ကိုင်တွယ်ဖြေရှင်းနည်း

တစ်ယောက်နှင့်တစ်ယောက်အကြား အဆင်မပြေဘဲ အနေခက်နေတဲ့ဆက်ဆံရေးတွေမှာ ထိပ်တိုက်တွေ့ဆုံဖို့အကြောင်းရှိလာရင် ကိုင်တွယ်ဖြေရှင်းနည်းတွေကိုဖော်ပြပေးသွားပါမယ်။ သေချာနားထောင်ခြင်းဟာ ပြဿနာတော်တော်များများကိုတစ်ဝက်လောက်ဖြေရှင်းပြီးသားဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ကောင်းမွန်စွာနားထောင်ပြီးတော့ ယဥ်ကျေးရည်မွန်တဲ့အသုံးအနှုန်းတွေကိုသုံးခြင်းကလည်း ပိုကောင်းတဲ့ဖြေရှင်းနည်းတစ်ခုပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=376,q=100/51/519daab18d7b70bd44dcf4b36ada3f265d35dc1a.jpg

နားလည်မှုမရှိတာက ပြဿနာတော်တော်များများရဲ့အရင်းခံဖြစ်တာကြောင့် ဆက်ဆံရေးတွေမှာ နားလည်မှုရှိဖို့ကလည်းအရေးကြီးပါတယ်။ တစ်ဖက်လူအတွက် တွေးပေးပြီးတော့သူ့ဖက်ကအခြေအနေတွေကိုနားလည်ပေးခြင်းကလည်း ကောင်းမွန်တဲ့ဖြေရှင်းနည်းတစ်ခုဖြစ်ပါတယ်။

https://s9.kh1.co/__image/w=349,h=524,q=100/f7/f79fc72dd06281b3471f6c333a9c526fb1b7fe26.jpg

အကန့်အသတ်တွေထားပြီးတော့ ပြဿနာကိုလွှဲချတာမျိုးမလုပ်တာကလည်း ဖြေရှင်းနည်းတွေအတွက်လိုအပ်တဲ့အကြောင်းအရာပါ။ အဆင်မပြေတဲ့ဆက်ဆံရေးအများစုမှာ အတိတ်ကအမှားတွေကိုဖက်တွယ်ထားခြင်းကလည်း အဓိကအကြောင်းအရာတစ်ခုဖြစ်တာကြောင့် ခွင့်လွှတ်တတ်ဖို့နှင့်ရှေ့ဆက်တတ်ဖို့လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=563,h=376,q=100/ff/ff77bda8d00cd0934eae4da5308e5cd82368c990.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T