နွေရာသီနှင့်အလိုက်ဖက်ဆုံး Floral ဂါဝန်လေးများ

//s9.kh1.co/66/66878aaed09c9fa9872629dc0cc969eb617db7d8.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၃-မတ်-၂၀၂၄ ၁pm · လွန်ခဲ့သော တစ်လ က

နွေရာသီနှင့်အလိုက်ဖက်ဆုံး Floral ဂါဝန်လေးများ

https://s9.kh1.co/__image/w=564,h=752,q=100/0a/0a8f1f6a7626e06b46e07c2ef5daf7bd38cc14bf.jpg

ဒီလိုဒီဇိုင်းနှင့်ဂါဝန်လေးတွေဟာ တွေ့ရလေ့သိပ်မရှိပေမဲ့ နွေရာသီနှင့်အလိုက်ဖက်ဆုံးလို့ဆိုနိုင်တဲ့ဒီဇိုင်းလေးတွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=751,q=100/b7/b74609f2766cb7ff325ce548f6cc791d13a80b73.jpg

နွေရဲ့အပူကို ဒီလိုမီနီဂါဝန်တိုလေးတွေနှင့်လှလှပပဖြတ်ကျော်လို့လည်းရပါတယ်။ ဒီလိုဂါဝန်လေးတွေဟာ လက်ရှည်ဖြစ်တာကြောင့် အရမ်းတိုနေတယ်လို့မထင်ရဘဲ အဆင်ပြေတဲ့ပုံစံလေးဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=703,q=100/04/0469c861d21eb18f3af3f2a56d5121dbdab1211c.jpg

ဂါဝန်ရှည်ကိုမှ ဘေးကြောင်းအခွဲရှည်တွေပါတဲ့ပုံစံကလည်း အတော်လေးလူကြိုက်များ အဝတ်များတဲ့ဒီဇိုင်းဖြစ်ပါတယ်။ ကမ်းခြေတွေသွားတဲ့အချိန်မှာတောင် ဝတ်ဖို့အဆင်ပြေတဲ့ဒီဇိုင်းလေးပါ။

https://s9.kh1.co/__image/w=564,h=747,q=100/33/33bd13519a7d3ae18340fda664342567e233858b.jpg

ရေသူမဒီဇိုင်းလို့ပြောလေ့ရှိကြတဲ့ ဒီလိုဒီဇိုင်းလေးတွေကလည်း ပေါ့ပါးတဲ့အပြင် တစ်ပြိုင်တည်းထည်ဝါတဲ့အသွင်အပြင်ကိုမြင်စေပါတယ်။ ပေါ့ပေါ့ပါးပါးဝတ်လို့ရတဲ့အပြင် ပွဲတွေမှာပါဝတ်ဆင်ဖို့အဆင်ပြေတဲ့ဒီဇိုင်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/c7/c7846da2c71532391054ae176c2db33a10a059f2.jpg

Off Shoulder ဂါဝန်လေးတွေဟာလည်း နွေရာသီအတွက်အတော်လေးလိုက်ဖက်ပြီးအဆင်ပြေတဲ့ဖက်ရှင်လေးတွေဖြစ်ပါတယ်။ မိန်းကလေးအများစုသဘောကျတတ်တဲ့ပုံစံဖြစ်တဲ့အပြင် လည်ပင်းနှင့်ရင်ဘတ်အလှကိုထင်းနေအောင်ကူညီပေးနိုင်တဲ့ဒီဇိုင်းလည်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=845,q=100/e9/e9a1cd69f69b9a10093f23e3a1eedaaea827b3fe.jpg

ကြိုးတစ်လုံးဂါဝန်လေးတွေကလည်း မိန်းကလေးတွေအတွက် ဘယ်တော့မှမရိုးနိုင်မယ့်ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=750,q=100/51/51fab8278b9c9ffdaf4b85f36ac30cde7fe0dc48.jpg

စနိုးဝှိုက်မင်းသမီးလေးလိုမျိုး လက်ဖောင်းလေးတွေနှင့်ဂါဝန်လေးတွေကလည်း မိန်းကလေးအများစုသဘောကျကြတဲ့ဂါဝန်ဒီဇိုင်းလေးတွေဖြစ်ပါတယ်။  ဒီပုံစံလေးဟာချစ်ဖို့ကောင်းတဲ့အပြင် ပေါ့ပေါ့ပါးပါးလေးနှင့်ကြည့်လို့ကောင်းတဲ့ဒီဇိုင်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=922,q=100/cc/ccb2460a69eff9252517b722a10b42347e02f8db.jpg

နွေရာသီရဲ့ရာသီစာဂါဝန်လေးလို့သတ်မှတ်နိုင်တဲ့ ဒီလိုအထပ်အထပ်နှင့်ဂါဝန်လေးတွေကလည်း နွေရောက်တာနှင့်ဝတ်သင့်တဲ့ဂါဝန်လေးတွေပါ။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T