Waxing လုပ်ခြင်းရဲ့ကောင်းကျိုးများ

//s9.kh1.co/ff/ff8b6e40b588ffd4affb0b5503438ae770fd51d0.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၇-မတ်-၂၀၂၄ ၃pm · လွန်ခဲ့သော ၂ လ က

Waxing လုပ်ခြင်းရဲ့ကောင်းကျိုးများ

ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေကိုဖယ်ရှားတဲ့အချိန် အသုံးပြုတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ ဒီနည်းလမ်းတွေထဲက တစ်ခုဖြစ်တဲ့ Waxing  ဟာ လူသိနည်းနေသေးတဲ့နည်းလမ်းဖြစ်ပေမဲ့ ကောင်းကျိုးတွေအများကြီးရှိတဲ့နည်းလမ်းလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=844,q=100/8e/8eb5477edd7733c1c48669ff012a35a8fdb19826.png

အရင်ဆုံး Waxing  လုပ်ခြင်းဟာ အမွှေးအမျှင်တွေကို အမြစ်ကနေဆွဲထုတ်ပေးတာကြောင့် အမြစ်ပါရှင်းပြီးတော့ အမွှေးပေါက်နှုန်းကိုနှေးစေပါတယ်။ ဒါ့အပြင် Wax အများစုဟာသဘာဝပစ္စည်းတွေကိုအသုံးပြုထားတာဖြစ်တာကြောင့် အသားအရေကိုထိခိုက်မှုမရှိဘဲ ချောမွေ့တဲ့အထိအတွေ့ဖြစ်စေပါတယ်။ ရိတ်တာ လေဆာနှင့်လုပ်တာမျိုးလို ဂရုစိုက်စရာမလိုဘဲ အလွယ်တကူလုပ်ဆောင်နိုင်တဲ့အပြင် ဒဏ်ရာတွေရနိုင်ခြေလည်းမရှိပါဘူး။

https://s9.kh1.co/__image/w=564,h=1002,q=100/81/81f4b4cf4f11041f4eb07026ecb91653ab383589.png

တစ်ခြားနည်းလမ်းတွေနှင့်ယှဥ်ရင် နာကျင်မှုနည်းနည်းဖြစ်စေပေမဲ့ လုပ်ဖန်များလာရင် အမွှေးတွေကိုအရှင်းနီးပါးပျောက်လာစေနိုင်ပါတယ်။ တစ်ချို့ နည်းလမ်းတွေလို အသားအရေကိုမဲသွားစေတာ တွန့်သွားစေတာမျိုးလည်းမရှိတာကြောင့် အကောင်းဆုံးနည်းလမ်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=376,q=100/cc/cc7e053ee454700a5523000ce8bb2107401bbd8f.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T